Entertainment: ဗြိတိန် မင်းသမီးလေး ရှားလော့ရဲ့ ပုံရိပ်အသစ်များ

ကိန်းဘရစ်ခ်ျမြို့စား မင်းသားဝီလျံနဲ့ မြို့စားကတော် တို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးဟာ အသက် ၆ လ ရှိပါပြီ။

play

 

နိုဝင်ဘာ ၂၉ ရက်မှာ ဗြိတိန်ရဲ့ တော်ဝင်မျိုးဆက်ဖြစ်တဲ့ မင်းသမီးလေး ရှားလော့ရဲ့ ပုံအသစ် နှစ်ပုံကို မိဘတွေက ထုတ်ဖော်ပြသလိုက်ပါတယ်။

အခုချိန်မှာတော့ မင်းသမီးလေး ရှားလော့ဟာ အသက် ၆ လ ရှိပြီဖြစ်ပြီး ကျန်းမာပျော်ရွှင်နေပုံရပါတယ်။ ပုံထဲမှာတော့ ရှားလော့လေးဟာ ပန်းပွင့်လေးတွေပါတဲ့ ဂါဝန်ကို ဝတ်ဆင်ထားပြီး အပေါ်မှာတော့ ပန်းနုရောင်ဖျော့ဖျော့ တစ်ထပ် ထပ်ဝတ်ထားပါတယ်။ ရှားလော့လေးရဲ့ လျပ်တစ်ပြက် ပုံနှစ်ပုံကိုတော့ မိခင်ဖြစ်သူ မြို့စားကတော် ကိတ် မစ်ဒယ်တန်က ရိုက်ကူးပေးခဲ့တာလို့လည်း သိရပါတယ်။

play

 

ပြီးခဲ့တဲ့ ဇူလိုင်လ ခရစ်ယာန်ဘာသာဝင်အဖြစ် ခံယူတဲ့ အခမ်းအနားနောက်ပိုင်းကစလို့ ရှားလော့လေးရဲ့ ပုံတွေကို မမြင်ခဲ့ကြရတဲ့ ဗြိတိန်ပြည်သူပြည်သားတွေကတော့ သိပ်ကို ချစ်ဖို့ကောင်းတဲ့ တော်ဝင်မျိုးဆက်လေးရဲ့ ပုံကို မြင်တွေ့ရတဲ့အပေါ် ဝမ်းသာနေကြပါတယ်။

Source & Photo : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ