Entertainment: စိုင်းစိုင်း အွန်လိုင်းမှ သီချင်းအသစ် ဖြည့်ချိသွားမည်

တစ်ကိုယ်တော်အခွေသစ်ကို ဒီဇင်ဘာလအတွင်း ဖြန့်ချိရန်စီစဉ်ထားသော်လည်း အချိန်မမီတော့သည့်အတွက် ယခုလို သီချင်းများကို တစ်လလျှင် တစ်ပုဒ်နှုန်းဖြင့်ရောင်းချသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

play

 

စိုင်းစိုင်းခမ်းလှိုင်မှ ဘန်နီဖြိုးနှင့် တွဲဖက် သီဆိုထားသော ‘ဂေါ်တယ် မိုက်တယ်’ ဟု အမည်ပေးထားသည့် သီချင်းသစ်ကို မန္တလေးဖျော်ဖြေပွဲအပြီးတွင် အွန်းလိုင်းမှ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

play

 

၎င်း၏ တစ်ကိုယ်တော်အခွေသစ်ကို ဒီဇင်ဘာလအတွင်း ဖြန့်ချိရန်စီစဉ်ထားသော်လည်း အချိန်မမီတော့သည့်အတွက် ယခုလို သီချင်းများကို တစ်လလျှင် တစ်ပုဒ်နှုန်းဖြင့်ရောင်းချသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ထို့အပြင် ဒီဇင်ဘာလ (၁၂)ရက်နေ့ညတွင် စိုင်းစိုင်းရဲ့ ရန်ကုန်ဖျော်ဖြေပွဲကို ကန်တော်ကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ကြေး ကျပ် ၆,၅၀၀ ဖြင့် ဒီဇင်ဘာလ (၃) ရက်နေ့တွင် စတင် ရောင်းချသွားမည်ဖြစ်သည်။

Photo: Sai Sai Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ