Entertainment: ကျောင်းမသွားချင်ဘူးဆိုတဲ့ သားသား

ငယ်ငယ်က ကျောင်းမသွားချင်ခဲ့တဲ့အကြောင်း ရေးစပ်ထားတယ်လို့ သားသားက ဆိုပါတယ်။

play

 

သနပ်ခါးသီချင်းနဲ့ နာမည်ရလာတဲ့ အဆိုတော် သားသားက သူ့ရဲ့ သီချင်းသစ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာပါ။

"ကျောင်းမသွားချင်ဘူး" အမည်ရတဲ့ စင်ဂယ်သီချင်းကို အွန်လိုင်းကနေ ဖြန့်ချိမှာဖြစ်ပြီး သီချင်းရဲ့ MTV ကို သားသားရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ တင်ပေးသွားမယ်လို့ သိရပါတယ်။ ငယ်ငယ်က စောစောထပြီး ကျောင်းသွားရတာ၊ စာကျက်ရတာတွေ မလုပ်ချင်တဲ့အကြောင်း ရေးထားတဲ့သီချင်းလေးပါ။

ဒုတိယ တစ်ကိုယ်တော်အခွေကို ဖြန့်ချိဖို့အတွက် သီချင်းတွေလည်း ပြင်ဆင်ပြီးပြီလို့ သားသားက ပြောပါတယ်။

Source & Photo : www.7daydaily.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ