Entertainment: သမီးလေး ကင်ပွန်းတပ် အလှူလုပ်ခဲ့တဲ့ လှမျိုးသဉ္ဇာနွယ်

သမီးဦးလေးကို သွန်းဘရဏီနွယ်လို့ အမည်ပေးထားပါတယ်။

play

 

သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ သမီးလေးရဲ့ ၃လပြည့် မွေးနေ့အလှူကို နိုဝင်ဘာ ၂၈ ရက်နေ့ မနက်က ဗဟန်းမြို့နယ်ရှိ အရိယ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

play

 

သမီးလေးရဲ့အမည်ကို သွန်းဘရဏီနွယ်လို့ အမည်ပေးထားပြီး လှမျိုးသဉ္ဇာနွယ်တို့ ဇနီးမောင်နှံရဲ့ သမီးဦးလေး ဖြစ်ပါတယ်။

play

 

အလှူကို အဆိုပါ ကျောင်းတိုက်မှာ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့တာဖြစ်ပြီး သံဃာတော် အပါး ၂၀ ကျော်ကို သင်္ကန်း၊ ၀တ္ထု၊ ဆွမ်းတို့ကို ဆက်ကပ်ခဲ့တယ်လို့ သိရပါတယ်။

Photo : Hlamyo Thinzar Nwe Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ