Entertainment: ယူနီဆက်ဖ် ရန်ပုံငွေ ညစာစားပွဲက မန်ယူအသင်း ပွဲတက်ဖက်ရှင်

မန်ယူအသင်းက ယူနီဆက်ဖ်ရန်ပုံငွေအတွက် နှစ်စဉ် လှူဒါန်းနေကျ ဖြစ်ပါတယ်။

play

 

လက်စတာအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်ပြီးတဲ့နောက် အိုးထရက်ဖို့ဒ်မှာ ကျင်းပခဲ့တဲ့ ယူအီးအက်ဖ်အေ ရန်ပုံငွေ ညစာစားပွဲကို မန်ယူအသင်းသားတွေ တပျော်တပါးကြီး တက်ရောက်ခဲ့ကြပါတယ်။ ယူနိုက်တက် ကစားသမား တွေက ပွဲတက်ဝတ်စုံအလန်းစားတွေဝတ်ဆင်ပြီး သူတို့ရဲ့ မဟေသီကိုယ်စီနဲ့ ရန်ပုံငွေပွဲ တက်ရောက်ခဲ့ကြတာပါ။

play
play

နည်းပြဗန်ဟားလ်နဲ့ သူ့ရဲ့ဇနီး / ဂိုးသမား ဒီဂီယာနဲ့ ချစ်သူ ဂါစီယာ

မန်ယူကစားသမားတွေဆီက ရန်ပုံငွေအတွက် လှူဒါန်းငွေ စုစုပေါင်း ပေါင် နှစ်သိန်းသုံးသောင်း ကိုယူနီဆက်ဖ်က ရရှိခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ရန်ပုံငွေ အစီအစဉ်အတွက် မန်ချက်စတာ ယူနိုက်တက်က ပူးပေါင်းပါဝင်သူ ဖြစ်နေတာ  ၁၆ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။

play
play

ရှနိုက်ဒါလင်နဲ့ သူ့ချစ်သူ / မာရှယ်နဲ့ ဇနီးဖြစ်သူ

ညစာစားပွဲကို မန်ယူအသင်းခေါင်းဆောင် ရွန်နေးတက်လာခဲ့ပေမယ့် ကိုယ်ဝန်အရင့်အမာဖြစ်နေတဲ့ သူ့ရဲ့ဇနီးသည် ဖြစ်သူတော့ မပါခဲ့ပါဘူး။

play
play

ဂျိုဟိုနဲ့ လက်တွဲဖော် လူဆာဒို / ဖီးလ်ဂျုံးစ်နဲ့ ချစ်သူ ကာရာဟောလ်

မန်ယူကစားသမာတွေရဲ့ ပွဲတက်ဖက်ရှင်ကတော့ ထိပ်တန်း အဆင့်မှာရှိနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒီပွဲကို မန်ယူအသင်း အရန်ဂိုးသမား ဗဲလ်ဒက်စ်ကို မဖိတ်ခဲ့လို့ သူ့ရဲ့ဇနီးဖြစ်သူက စိတ်ဆိုးခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ