Entertainment: ဆယ်လီနာနဲ့ပုံ လွှင့်တင်ပြီး ချစ်သူဟောင်းကို ဘီဘာ လွမ်းနေပြီလား

ဂျက်စတင် ဘီဘာတစ်ယောက် ဆယ်လီနာ ဂိုမက်စ်နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို အမှတ်တရ ပြန်တင်ရင်း ချစ်သူဟောင်းကို လွမ်းနေပြီလားလို့ အင်တာနက်မှာ ပရိသတ်တွေက ပြောနေကြပါတယ်။

play

 

ဘီဘာက ကနေဒါမှ သူ့ရဲ့ မွေးရပ်ဇာတိမြို့ အွန်တာရီယိုမှာ ဆယ်လီနာနဲ့အတူ အနီရောင် လေးဘီးဆိုင်ကယ်ပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို Instagram မှာ လွှင့်တင်ခဲ့တာပါ။

play

 

ဘီဘာနဲ့ ဆယ်လီနာတို့ဟာ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက အွန်တာရီယိုမြို့ကို အလည်အပတ်သွားရင်း လေးဘီးဆိုင်ကယ်ဖြင့် လျှောက်လည်ခဲ့ကြပါတယ်။ အဲဒီနေ့က သူတို့နှစ်ဦးအတွက် အမှတ်ရစရာက ဘီဘာတစ်ယောက် ယာဉ်တိုက်မှုဖြစ်ပြီး အဖမ်းခံခဲ့ရတာပါ။

play

 

ဘီဘာရဲ့ လေးဘီးဆိုင်ကယ်နဲ့ အခြား ကားတစ်စီး တိုက်မိခဲ့ပြီး ရန်ပွဲဖြစ်ကာ ဘီဘာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
Source: www.eonline.com, Photo: www.eonline.com, www.rapdose.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ