Entertainment: ခပ်ဟော့ဟော့ ပုံတွေနဲ့ ပဲရစ်ဟီလ်တန်

ကျောပြောင်ပြောင်ကြီးဖြစ်နေတဲ့ ဝတ်စုံကို ဝတ်ရတာ နည်းနည်းရှက်တယ်လို့ သူမက ပြောပါတယ်။ ဝတ်စုံတွေ အားလုံးနီးပါးက သိပ္ပံဇာတ်ကားတွေထဲက ဖက်ရှင်တွေနဲ့ ခပ်ဆင်ဆင်တွေပါ။

play

 

သန်းကြွယ်သူဌေးမလေး မော်ဒယ်လ် ပဲရစ်ဟီလ်တန်က ဒီတစ်ခေါက် PAPER မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် နေရာယူလိုက်ပါပြီ။

play

 

ခပ်ဆန်းဆန်း အိုင်ဒီယာတွေနဲ့ မျက်နှာဖုံးဒီဇိုင်းကို အလန်းဆုံး တင်ဆက်လေ့ရှိတဲ့ အဲ့ဒီမဂ္ဂဇင်းမှာ ပဲရစ်ဟီလ်တန်ကို တင်ဆက်လိုက်တဲ့အခါ လူတွေ ပါးစပ်ဖျားမှာ ပေါ်ပြူလာ ဖြစ်နေပါတော့တယ်။

play

 

သိပ္ပံဇာတ်ကားတွေထဲက ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်တူတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ထားပါတယ်။

play

 

 လက်ရှည်၊ ဘောင်းဘီရှည် ဖြစ်နေပေမယ့် နောက်ကျောပြောင် ဖြစ်နေတဲ့အတွက် နည်းနည်းတော့ ရှက်တယ်လို့ သူမက ပြောပါတယ်။

play

 

ဖေ့စ်ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ်တို့လို လူမှုကွန်ယက်တွေထဲမှာ ဘယ်အရာကို အကြိုက်ဆုံးလဲလို့ မေးတော့ အင်စတာဂရမ်လို့ သူမက ဖြေပါတယ်။ ပဲရစ်ဟီလ်တန်ရဲ့ အင်စတာဂရမ် အကောင့်က @ParisHilton ဖြစ်ပါတယ်။

Source & Photo : www.papermag.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ