Entertainment: ဗီယက်နမ် အလှမယ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

၂၀၁၆ ခုနှစ်ထဲမှာ နေတိုးနဲ့ တွဲဖက်ပြီး ရုပ်ရှင်ကားကြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံက ဖေ့စ်ဘွတ် စာမျက်နှာထက်မှာ လွှမ်းမိုးခဲ့တဲ့ ဗီယက်နမ်အလှမယ် ငုယင် ထရန်ဟုရန်မေဟာ မြန်မာနိုင်ငံကို ရောက်နေပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ ညနေက ရန်ကုန်လေဆိပ်မှတစ်ဆင့် ရောက်ရှိလာတာဖြစ်ပြီး သူမကို မြန်မာနိုင်ငံရဲ့ အလှမယ် သျှားထွဋ်အိန္ဒြာက သွားရောက်ကြိုဆိုခဲ့ပါတယ်။

play

 

ဒီကနေ့ (ဒီဇင်ဘာ ၂ ရက်) နံနက်ပိုင်းမှာတော့ ငုယင် ထရန်ဟုရန်မေက ရွှေတိဂုံ စေတီတော်ကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။ သူမဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဘုရားဖူးလာကြသူတွေက ယဉ်ယဉ်ကျေးကျေးနဲ့ ရိုးရာဝတ်စုံတွေဝတ်ပြီး လာကြတာကို မြင်ရလို့ အတိုင်းမသိ ပျော်ပါသတဲ့။

play

 

၂၀၁၆ ခုနှစ်မှာတော့ သရုပ်ဆောင် နေတိုးနဲ့ တွဲဖက်ပြီး ရုပ်ရှင်ကားကြီး ရိုက်မယ့်အကြောင်းကို နေ့လယ် ၁၂ နာရီ ၃၀ ခန့်က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားပါတယ်။

Photo : Sharr Htut Eaindra Facebook, အောင်နိုင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ