Entertainment: ခွင့်ပြုချက်မတောင်းဘဲ ပုံတွေ အသုံးပြုသူကို ကာဒါရှီယန်နဲ့ ကန်ဒါတို့ တရားစွဲမည်

ပုံတွေကို ပြုပြုဖို့အတွက် ကင်ရော ကန်ဒဲလ်ဆီကပါ ခွင့်ပြုချက် မတောင်းခဲ့လို့ တရားစွဲမှာပါ။

play

 

ဒီဇင်ဘာ ၂ ရက်နေ့မှာ လူမှုကွန်ယက်ပေါ် ရေပန်းစားနေတဲ့ ပုံတွေနဲ့ ပတ်သက်ပြီး ကင် ကာဒါရှီယန်နဲ့ ကန်ဒဲလ် ဂျန်နာတို့က အဲ့ဒီပုံတွေ ပြုလုပ်သူကို တရားစွဲတော့မှာပါ။

play

 

သူမတို့ နှစ်ဦးရဲ့ ပုံတွေကို ရိုက်နှက် ထိုးကြိတ်ခံထားရတဲ့အသွင် ပြုပြင်ပြီး အင်တာနက်ပေါ် တင်ခဲ့သူကတော့ အလက်ဇန်ဒရို ပါလွန်ဘို ဖြစ်ပါတယ်။ ပါလွန်ဘိုဟာ အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက်ခံရမှုကို ဆန့်ကျင်တဲ့အနေနဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ရုံသက်သက် ဖြစ်ပါတယ်။

play

 

ပုံထဲမှာတော့ ကင် နဲ့ ကန်ဒဲလ်တို့ဟာ မျက်လုံးတွေ နှုတ်ခမ်းတွေနဲ့ မျက်နှာတစ်ပြင်လုံး ရိုက်နှက်ခံထားရတဲ့အသွင် ပြုပြင် ခံထားရလို့ ခွင့်ပြုချက်မပေးဘဲ ပုံတွေ ပြုပြင်တဲ့အပေါ် ပါလွန်ဘိုကို တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

play

 

တကယ်တော့ ပါလွန်ဘိုက ကင်နဲ့ ကန်ဒဲလ်တို့ရဲ့ ပုံကိုပဲ ပြုပြင်ခဲ့တာမဟုတ်ပါဘူး။

play

 

တခြား နာမည်ကျော်တွေဖြစ်တဲ့ အန်ဂျလီနာဂျိုလီ၊ ခရစ္စတင်း စတီးဝပ်၊ အမ်မာဝပ်ဆန်၊ မိုင်လေဆိုင်းရပ်၊ မက်ဒေါးနားနဲ့ ဂွင်း စတက်ဖနီတို့ရဲ့ ပုံတွေကိုလည်း ပြုပြင်ခဲ့ပါသေးတယ်။

play

 

Source & Photo : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ