Entertainment: အင်စတာဂရမ်မှာ လူကြိုက်အများဆုံး ဓာတ်ပုံ

နှစ်သက်သူပေါင်း ၃ သန်းကျော် ရှိခဲ့တဲ့ မော်ဒယ်တစ်ဦးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

play

မော်ဒယ် ကန်ဒဲလ် ဂျန်နာဟာ အင်စတာဂရမ် လူမှုကွန်ရက်ရဲ့ ၂၀၁၅ ခုနှစ် လူကြိုက်အများဆုံး ဓာတ်ပုံပိုင်ရှင် ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်က ကန်ဒဲလ်ဟာ အင်စတာဂရမ်မှာ ပုံတစ်ပုံ တင်ခဲ့ပါတယ်။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူမဟာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့ပြီး ဆံနွယ်တွေကို ဖြန့်ကာ မျက်လုံးအစုံကို မှိတ်ထားခဲ့ပါတယ်။ နှုတ်ခမ်းက ပြုံးယောင်သန်းနေသလိုပဲ၊ ဖြန့်ခင်းထားတဲ့ ဆံနွယ်ထိပ်ဖျားတွေက အသဲပုံသဏ္ဍန် ပြုလုပ်ထားတာကြောင့် သိမ်မွေ့တဲ့အသွင် ရှိနေတဲ့ ကန်ဒဲလ်ရဲ့ပုံဟာ နှစ်သက်သူ များပြားခဲ့တာပါ။

http://static.celebuzz.com/uploads/2015/08/kendall-jenner-runway-black-hair-82115.jpg

အဲ့ဒီပုံကို နှစ်သက်သဘောကျသူပေါင်း ၃.၂ သန်း ရှိတာကြောင့် အင်စတာဂရမ်မှာ တစ်နှစ်တာ လူကြိုက်အများဆုံးဓာတ်ပုံ ဖြစ်လာခဲ့ပါတယ်။

 

Photo : Kendalljennar Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ