Entertainment: ၂၀၁၅ ခုနှစ် အင်စတာဂရမ်မှာ တစ်နှစ်တာ လူကြိုက်အများဆုံး (၁၀) ပုံ

ဒီနှစ်ကတော တေလာဆွစ်ရဲ့နှစ် ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ တေလာဆွစ်ရဲ့ပုံ အများဆုံး ပါဝင်နေလို့ပါ။

ဓာတ်ပုံရိုက်တာ ဝါသနာပါသူတွေအဖို့ အင်စတာဂရမ်ဟာ သည်းခြေကြိုက်ပါပဲ။ နာမည်ကျော် အနုပညာရှင်တွေအတွက်တော့ ပရိသတ်နဲ့ အနီးစပ်ဆုံး နေခွင့်ရတဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်အတွက် လူကြိုက်အများဆုံး ဓာတ်ပုံ (၁၀) ပုံကို အင်စတာဂရမ်က ထုတ်ပြန်လိုက်ပါပြီ။ ဒီနှစ် အင်စတာဂရမ်ကိုတော့ မော်ဒယ် ကန်ဒဲလ် ဂျန်နာနဲ့ အဆိုတော် တေလာဆွစ်တို့က လွှမ်းမိုးသွားပါတယ်။

၁။ ကန်ဒဲလ် ဂျန်နာရဲ့ ဆံကေသာ

play

 

လွန်ခဲ့တဲ့ ၆ လက တင်ခဲ့တာဖြစ်ပြီး အသဲပုံရစ်ခွေထားတဲ့ ဆံနွယ်တွေနဲ့ လှပနေသူ ကန်ဒဲလ်ရဲ့ပုံကို နှစ်သက်သူ ၃.၂ သန်း ရှိပါတယ်။

၂။ တေလာဆွစ်ရဲ့ ပန်းစည်း

play

 

အဆိုတော် ကိန်း ဝက်စ် ထံက ရရှိတဲ့ အဖြူရောင်နှင်းဆီစည်းကြီးကို အောက်တိုဘာလက တင်ခဲ့ပြီး နှစ်သက်သူပေါင်း ၂.၆ သန်း ရှိခဲ့ပါတယ်။

၃။ ကိုင်လီ ဂျန်နာရဲ့ အောင်လက်မှတ်

play

 

နှစ်သက်သူပေါင်း ၂.၃ သန်းနဲ့ တတိယနေရာရခဲ့တဲ့ပုံမှာ ကိုင်လီဟာ ဒီဝတ်စုံနဲ့တောင်မှ တော်တော် စွဲမက်ဖွယ်ကောင်းနေပါတယ်။

၎။ တေလာဆွစ်နဲ့ ကယ်လ်ဗင် ဟားရစ်

play

 

ချစ်သူတွေဖြစ်ပြီးတည်းက ပျော်စရာတွေ မျှဝေနေကြတဲ့ စုံတွဲရဲ့ ပုံကို ပရိသတ် ၂.၅ သန်းက နှစ်သက်ခဲ့ပါတယ်။

၅။ ဘီယွန်းဆေးတို့ သားအမိ

play

 

သမီးဖြစ်သူ ဘလူး အိုင်ဗီနဲ့ အတူ ရိုက်ထားတဲ့ပုံကို နှစ်သက်သူ ၂.၃ သန်း ရှိခဲ့ပါတယ်။ ကန်ဒဲလ်ရဲ့ ပုံနဲ့ အရေအတွက်ချင်း မကွာပေမယ့် ဘီယွန်းဆေးရဲ့ပုံမှာ မှတ်ချက်ပေးသူ ပိုနည်းခဲ့လို့ နံပါတ် ၆ နေရာ ဖြစ်သွားတာပါ။

၆။ တေလာဆွစ်ရဲ့ "allergic to joy"

play

 

နိုဝင်ဘာလတုန်းက သူမရဲ့ကြောင်လေးနဲ့ ရိုက်ထားတဲ့ပုံဟာ အင်တာနက်မှာ ရေးပန်းစားခဲ့ပြီး အင်စတာဂရမ်မှာ နှစ်သက်သူပေါင်း ၂.၄ သန်း ရခဲ့ပါတယ်။

၇။ ဆွယ်တာလေးနဲ့ ဆယ်လီနာ

play

 

သူမ အကြိုက်ဆုံး ဆွယ်တာလေးနဲ့အတူ မြင်ရတဲ့ ဆယ်လီနာဂိုးမက်ဇ်ရဲ့ပုံပါ။ နှစ်သက်သူ ၂.၃ သန်း ရှိခဲ့ပါတယ်။

၈။ တေလာဆွစ်ရဲ့ ကြောင်လိမ္မာ

play

 

မတ်တပ်ရပ်ပြီး ချစ်စဖွယ်ဟန်လေး လုပ်ပြနေတဲ့ တေလာ့ရဲ့ကြောင်ကလေးနဲ့ပုံဟာ နှစ်သက်သူ ၂.၃ သန်း ရှိခဲ့ပါတယ်။

၉။ နဝမ နေရာက ကန်ဒဲလ် ဂျန်နာ

play

နှစ်သက်သူ ၂.၂ သန်း ရခဲ့တဲ့ ပုံကတော့ follower သန်း ၂၀ ပြည့်တဲ့အကြောင်း ကန်ဒဲလ် တင်ထားတဲ့ပုံပါ။

၁၀။ အိပ်ယာနိုးစ တေလာ

play

 

အချစ်တော် ကြောင်ကလေးနဲ့ အိပ်ယာထဲကပုံကို ၂.၂ သန်း ရှိတဲ့ ပရိသတ်တွေက နှစ်သက်ခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ