Entertainment: ဆုတောင်းပြည့်ဖို့ မဟုတ်ဘဲ ယုံကြည်လို့ ဘာသာရေး လုပ်ဖြစ်တယ်ဆိုသူ ဝါဆိုမိုးဦး

အခက်အခဲ ကြုံလာတိုင်း ဝါဆိုမိုးဦး အားကိုးယုံကြည်တာ မြတ်စွာဘုရားပါ

play

 

ဖက်ရှင်လှလှ ကိုယ်အချိုးအစား အမိုက်စားနဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးဟာ ငယ်စဉ်ကတည်းက ဘာသာတရား ကိုင်းရှိုင်းသူလေး ဖြစ်ပါတယ်။ ငယ်စဉ် ကလေးဘဝတည်းက ကျောင်းမှာ ဝတ်ရွတ်အသင်းထဲ ပါဝင်ခဲ့တာဖြစ်ပြီး ယခုချိန်ထိတိုင်အောင်လည်း နေ့စဉ်မပြတ် ပဋ္ဌာန်းရွတ်ပါတယ်။ မေတ္တသုတ်ကိုလည်း နေ့စဉ် ရွတ်ဖတ်သူပါ။

play

 

ရွှေတိဂုံစေတီ၌ ဆီမီး ၉၀၀၀ ကပ်လှူစဉ်က

ဝါဆိုမိုးဦးက ဗုဒ္ဓဘာသာဝင်ပီပီ ဘုရားကို ယုံကြည်ကိုးကွယ်တာဖြစ်ပြီး ဆုတောင်းပြည့်ဖို့ မပြည့်ဖို့ ဆိုတာထက် ယုံကြည်စိတ်နဲ့ပဲ ဘာသာရေးလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အခွင့်သင့်တိုင်း အလှူအတန်းပြုလုပ်လေ့ရှိပြီး စိတ်ညစ်တိုင်း ဘုရားပဲ ရှိခိုးတတ်ပါသတဲ့။

Source : Popular Journal Facebook

Photo : Warso Moe Oo Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ