Entertainment: ပရဟိတ လုပ်ဖြစ်တဲ့အပေါ် လူငယ်တွေကို ကျေးဇူးတင်တဲ့ အေးမြတ်သူ

, updated

အေးမြတ်သူဟာ ပရဟိတ လုပ်ငန်းတွေကို အားကြိုးမာန်တက် လုပ်ဆောင်နေသူပါ။

play

 

တည်ငြိမ်တဲ့အလှနဲ့ သွက်လက်ဖော်ရွေတဲ့အပြုံးလေးတွေကြောင့် သူမကို လူသိများပါတယ်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အားကြိုးမာန်တက် ပါဝင်နေတဲ့ အေးမြတ်သူရဲ့ ပရဟိတအပေါ် ခံယူချက်ကို မေးမြန်းတဲ့အခါ လူငယ်တွေကို ကျေးဇူးတင်ကြောင်း သူမက ပြောပါတယ်။

play

 

"နာဂစ်နောက်ပိုင်းမှာ လူငယ်တွေက ပရဟိတ အရမ်းလုပ်လာကြတယ်။ သူတို့ကိုကြည့်ပြီး ပရဟိတကို စိတ်ဝင်စားလာတယ်။ ကိုယ်ပိုင်အချိန်တွေမှာ ပရဟိတ လုပ်ဖြစ်တယ်။ လူငယ်တွေရဲ့ ပရဟိတလှုပ်ရှားမှုတွေကိုကြည့်ပြီး ပရဟိတဆိုတာ မလုပ်မဖြစ် လုပ်ရမယ့်အရာဆိုတာ သိလာလို့ လူငယ်တွေကို ကျေးဇူးတင်ပါတယ်" လို့ ဆိုပါတယ်။

play

 

စစ်ဘေးဒုက္ခသည်တွေနဲ့ ရေဘေးဒုက္ခသည်တွေအတွက် ကြမ်းတမ်းတဲ့ ခရီးတွေကိုဖြတ်ပြီး ပရဟိတ တာဝန်တွေ လုပ်ဆောင်လာ ခဲ့လို့ ပရိသတ်တွေကြားမှာ ပိုမိုထင်ရှားပြီး အေးမြတ်သူကို ချစ်ခင်တဲ့ ပရိသတ်တွေ များပြားလာခဲ့ပါတယ်။

အေးမြတ်သူကတော့ ပရဟိတ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားဦးမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ