Entertainment: စောဖိုးခွား ထိုင်းနိုင်ငံတွင် ပထမဆုံးအခမဲ့ဖျော်ဖြေပွဲကျင်းပမည်

အဆိုတော်စောဖိုးခွားမှ ငြိမ်းချမ်းရေးကို မြတ်နိုးပြီး ပျော်ရွှင်ကခုန်ချင်သည့် ထိုင်းရောက်မြန်မာတွေ အားလုံးလာရောက်ဖို့ ဖိတ်ခေါ်ထားသည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ ၊ (၆) ရက်နေ့ ၊ ညနေ (၅) နာရီတွင် ထိုင်းနိုင်ငံ မဟာချိုင် ၊ ဈေးကွင်း ကော်ကပ်ရပ်ကွက်ရှိ ကော်ကပ်နော့ဘုန်းကြီးကျောင်း၌ သီချင်းငြိမ်းချမ်းရေးခေါင်းဆောင် စောဖိုးခွားဦးဆောင်သော (One Love Band) တေးဂီတအဖွဲ့ကြီးမှ ထိုင်းဘုရင်မင်းမြတ်ကြီး၏ မွေးနေ့တော်အား ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးသီချင်းနှင့် ခေတ်ပေါ်အကအလှများ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

ထိုင်းနိင်ငံတွင် ပထမဆုံးကျင်းပသည့် အခမဲ့ ဖျော်ဖြေပွဲအား LED ဒီဂျစ်တယ်လ် ပရောဂျက်တာကြီးများဖြင့် တင်ဆက်သွားမည်ဖြစ်ပြီး အဆိုတော်စောဖိုးခွားမှ ငြိမ်းချမ်းရေးကို မြတ်နိုးပြီး ပျော်ရွှင်ကခုန်ချင်သည့် ထိုင်းရောက်မြန်မာတွေ အားလုံးလာရောက်ဖို့ ဖိတ်ခေါ်ထားသည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ