Entertainment: တစ်ကိုယ်တော် ဖျော်ဖြေပွဲ ဒီဗီဒီ ဖြန့်ချိမည့်ရက် ပြောင်းရွေ့ထားသည့် ဘန်နီဖြိုး

play

 

ဘန်နီဖြိုးမှ မနှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သော တစ်ကိုယ်တော် ဖျော်ဖြေပွဲ ဒီဗီဒီကို တစ်နှစ်ပြည့်အထိမ်းအမှတ်ဖြင့် ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အခွေထွက်ရှိရန် စီစဉ်ထားသော်လည်း ယခုလအတွင်း ထွက်ရှိမည့် အခွေများနေသောကြောင့် နောက်ဆုတ်ထားကြောင်း သိရသည်။

play

 

ယင်းအခွေနှင့်အတူ ပရိသတ်တွေ အမှတ်တရ သိမ်းထားနိုင်မည့် ဓာတ်ပုံစာအုပ်ကိုလည်း တစ်ပါတည်းထုတ်နိုင်ရန် စီစဉ်နေသည်။ ဖျော်ဖြေပွဲတွင် သီချင်း အပုဒ်ရေများစွာ သီဆိုခဲ့သော်လည်း ဒီဗီဒီတွင် စုစုပေါင်း သီချင်း (၁၅) ပုဒ်ခန့်သာ ပါဝင်မည်။

ဘန်နီဖြိုးမှ ရန်ကုန်ဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်နှင့်တွဲ၍ ’ဂေါ်တယ်မိုက်တယ်’ အမည်ဖြင့် သီချင်းသစ်ကို ဖျော်ဖြေမည့် အစီအစဉ်လည်းရှိသည်။

Photo: Bunny Phyo Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ