Entertainment: မန္တလေးက စိုင်းစိုင်းရှိုး

စိုင်းစိုင်းရဲ့ဖေ့စ်ဘွတ်မှာလည်း မန္တလေးက ပရိသတ်ကို ကျေးဇူးတင်ကြောင်း ရေးထားတာ တွေ့ရမှာပါ။

play

 

ဒီဇင်ဘာ ၄ ရက်နေ့ညက စိုင်းစိုင်းခမ်းလှိုင်ရဲ့ မန္တလေးရှိုးပွဲကို Mandalay Hill Resort ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

play

 

ရှိုးပွဲကို ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး စိုင်းစိုင်းရဲ့ ပရိသတ်ပေါင်းများစွာက လာရောက် အားပေးခဲ့ကြပါတယ်။ စိုင်းစိုင်းနဲ့အတူ Snare၊ ဘန်နီဖြိုး၊ ကိကိ၊ စိုးကြီး၊ G Fatt၊ ငယ်ငယ်၊ မိစန္ဒီ နဲ့ နီနီခင်ဇော်တို့ကလည်း ပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။

play

 

စိုင်းစိုင်းရဲ့ တောင်းဆိုမှုအရ ရှိုးပွဲကပုံတွေကို သူ့ပရိသတ်တွေက hashtag သုံးပြီး #frenzoMDY လို့ တင်နေကြတာလည်း တွေ့ရပါတယ်။ စိုင်းစိုင်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ "ကျေးဇူးတင်ပါတယ်မန္တလေး ၊ ကျနော်တို့ ပျော်ခဲ့ရသလို၊ ပရိသတ်ကြီးလည်း ပျော်ခဲ့ကြမယ်လို့ အမှန်ယုံပါတယ်၊ #‎frenzoMDY‬, ‪#‎FrenzoProduction‬, ‪#‎SaiSaiKhamLeng‬, Mandalay Show 2015 "လို့ ရေးသားထားပါသေးတယ်။

Photo : Sai Sai Kham Leng Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ