Entertainment: အလုပ်မရှိတုန်း ကျားမွေးထားတဲ့ မေဝယ်လ်သာ

လက်ဝှေ့ထိုးသတ်ခြင်းကနေ အနားယူလိုက်ပြီးတဲ့နောက် မေဝယ်လ်သာက ကျားမွေးထားပြန်ပါပြီ။

play

 

ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝက အနားယူလိုက်ပြီးတဲ့နောက် ရှုံးပွဲမရှိချန်ပီယံ မေဝယ်လ်ဟာ အခုတော့ အပျင်းပြေ ကျားမွေးနေပါပြီ။ မေဝယ်လ်သာက နှစ်လသားအရွယ်ရှိတဲ့ကျားပေါက် နှစ်ကောင်ကို ခရစ္စမတ်အကြို လက်ဆောင်ရခဲ့တာလို့ သိရပါတယ်။

play

 

အမြဲလိုလို တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေနဲ့ ပိုက်ဆံထင်တိုင်းကြဲ သုံးတာတွေကို လူမှုကွန်ယက်တွေပေါ် တင်တက်တဲ့ အကျင့်ကတော့ မေဝယ်လ်သာဆီမှာမပျောက်သေးပါဘူး။ ကားအသစ်ဝယ်တိုင်း၊ လက်ဆောင် ကောင်းကောင်းရတိုင်း သူကဒီလိုတင်လေ့ရှိပါတယ်။

၄၉ ပွဲရှုံးပွဲမရှိစံချိန်နဲ့ အနားယူသွားပြီဖြစ်တဲ့ မေဝယ်လ်သာဟာ လက်ဝှေ့ထိုးတဲ့ ဝင်ငွေတစ်ခုတည်းကနေ ပေါင် ၄၆၂ သန်းလောက် ဝင်ငွေရခဲ့သူပါ။ မေဝယ်လ်သာလို့ပဲ လက်ဝှေ့သမားဟောင်းမိုက်တိုင်ဆန်လည်း ကျားမွေးခဲ့ဖူးပါတယ်။

Source & Photos : www.dailymial.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ