AD
AD
AD
play

 

နှစ်စဉ် ကျင်းပလေ့ရှိသော မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုနောက်ကျပြီးမှ ကျင်းပဖွယ်ရှိနေသည်။

တစ်နှစ်တာအတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအား အဆိုပါနှစ်ကုန်ပြီးမှ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင်မူ အစိုးရအပြောင်းအလဲကြောင့် ဧပြီလမှ ကျင်းပရန် ပြန်ကြားရေးဝန်ကြီးဌာနက တောင်းဆိုထားသည်ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။

play

 

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွက် နှစ်နှစ်ပေါင်း၍ ပေးအပ်ချီးမြှင့်မည်ဖြစ်သောကြောင့် ၂၀၁၅ နှစ်ကုန်အထိ ရုံတင်ကားများအား စိစစ်အကဲဖြတ်ရမည်ဖြစ်သည်ဟုလည်း သိရသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအား ယခင်က ဖေဖော်ဝါရီ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပရန် စီစဉ်ထားခဲ့ခြင်းဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန၏ တောင်းဆိုမှုအတိုင်း ဧပြီတွင်ကျင်းပဖြစ်မည်လား သို့မဟုတ် စီစဉ်ထားသည့်အတိုင်း ပြုလုပ်မည်လားဆိုသည်ကိုမူ ရုပ်ရှင်အစည်းအရုံးက အမှုဆောင်အစည်းအဝေး ပြုလုပ်ပြီးမှ ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။

Source : www.7daydaily.com

Photo : www.themeltingpot4u.com,burma.irrawaddy.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD