play

 

" မန်းလေးပြန်ရောက်ရင် ကျနော့် အမေ နဲ့ အဖေကိုတရားဆွဲရဦးမယ်၊ " ဆမ " မရှိဘဲ ကျနော့်ကို သွေးပေါင်ချိန်,ဆေးတိုက်,ဆေးသောက်, ဆေးကု လုပ်ပေးခဲ့တာ သိပ်မှတ်မိတာပေါ့... ဘယ်တော့မှ မမေ့ဘူး" အဲ့ဒီလို ပြောလိုက်သူကတော့ အဆိုတော် လင်းလင်းပါ။

play

 

လင်းလင်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသောစာ

ဇနီးဖြစ်သူနဲ့ ဆက်နွှယ်ပြီး လင်းလင်းက ဒီစကားကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တစ်စုံတစ်ဦးကို သရော်စာ ရေးလိုက်တာပါ။

play

လင်းလင်းရဲ့ ဇနီးဖြစ်တဲ့ ချစ်သုဝေဟာ ရှမ်းပြည်က စစ်ရှောင်စခန်းကို သွားရောက်လှူဒါန်းရင်း စစ်ရှောင်ပြည်သူတွေကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တဲ့အပေါ် Chit Su Tinn အမည်နဲ့ ဖေ့စ်ဘွတ်သုံးသူတစ်ဦးက ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုလို့မရဘူး.. ဥပဒေရှိတယ်လို့ မှတ်ချက်ပေးခဲ့တာကို တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

play

 

ချစ်သုဝေ၏ တုံ့ပြန်မှု

ချစ်သုဝေအနေနဲ့ စစ်ရှောင်စခန်းမှာ ဆရာဝန်တစ်ယောက်မှမရှိတာကြောင့် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာဖြစ်ပြီး စစ်ရှောင်စခန်းတွေမှာ အလိုအပ်ဆုံးက ဆရာဝန်ပါလို့လည်း ဆိုထားပါတယ်။

Photo : Htwe Lynn Ko Facebook, Chit Thu Wai Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video