Entertainment: ဓူဝံဆီက အာကာကျော် မျှော်လင့်တဲ့အရာ

, updated

ဓူဝံရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ပါဝင်ကူညီခဲ့တဲ့ အာကာကျော်ကို ဓူဝံအကြောင်း စနည်းနာခဲ့ပါတယ်။

play

 

လူငယ်အနုပညာရှင်တစ်ဦး ဖြစ်တဲ့ အာကာကျော်ကို နိုင်ငံခေါင်းဆောင်တွေရဲ့ ဂရပ်ဖစ်တီ ပုံရိပ်တွေနဲ့အတူ ရင်းနှီးခဲ့ကြပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့က www.duwun.com.mm ရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ အာကာကျော်ကလည်း သူ့ရဲ့ ဂရပ်ဖစ်တီ ပညာနဲ့ ဓူဝံပုံရိပ်ကို ခြယ်မှုန်းပေးခဲ့ပါသေးတယ်။

play

 

အာကာကျော်ဟာ ငယ်စဉ်တည်းက အနုပညာကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး ပုံဆွဲတာ အပါအဝင် street art ကို ၇ တန်းအရွယ်မှာ သေသေချာချာ ရေးဆွဲဖြစ်နေပါပြီ။ သူက သူ့ရဲ့ ပညာရပ်ကိုလည်း မျှဝေတတ်သူပါ။ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ကလေးတွေလည်း ပုံဆွဲသင်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

play

 

" ဓူဝံရဲ့ application ကို စပြီး သုံးဖြစ်တယ်။ အရမ်းမိုက်တယ်။ အသစ်အဆန်းပဲ။ ရှယ်၊ လန်း၊ ဂွမ်း ဆိုတာတွေ တစ်ခါမှမမြင်ဖူးဘူး။ အသစ်တစ်ခုလို ဖြစ်နေတော့ အရမ်းစိတ်ဝင်စားတယ် " လို့ ဓူဝံကို မှတ်ချက်ပေးပါတယ်။

ဓူဝံဆီက သူ မျှော်လင့်ထားတာကတော့ သတင်းမီဒီယာ ဖြစ်တဲ့အတွက် သတင်းတွေကို မြန်မြန်ဆန်ဆန်နဲ့ ဖတ်ခွင့်ရဖို့ပါတဲ့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ