Entertainment: ကင် ကာဒါရှီယန် သားလေး မွေးဖွား

သားငယ်ရဲ့ နာမည်မှာ ဒုတိယဖခင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရောဘတ်ဆိုတဲ့ နာမည်ကို ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

play

 

အဆိုတော် ကိန်း ဝက်စ်နဲ့ သရုပ်ဆောင် ကင် ကာဒါရှီယန်တို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးကို ဒီဇင်ဘာ ၅ ရက်နံနက်က လော့စ် အန်ဂျလိစ်မှာ ဖွားမြင်လိုက်ပါပြီ။

play

 

ကာဒါရှီယန်ဟာ သတ်မှတ်ရက်ထက် ၃ ပတ် စောပြီး သူ့ရဲ့ သားလေးကို မွေးဖွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ မိခင်ရော သားငယ်ပါ ကျန်းကျန်းမာမာရှိနေတယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ သူမက ကလေးကို သဘာဝအတိုင်း မွေးဖွားခဲ့ရလို့ အရမ်းကို ပျော်ရွှင်နေပါတယ်။ ကိန်း နဲ့ ကာဒါရှီယန်တို့ဟာ ၂၀၁၄ မေလမှာ လက်ထပ်ခဲ့ပြီး သမီးဦးလေးဖြစ်တဲ့ နော့သ် ဝက်စ်ကို ၂၀၁၃ ခုနှစ် ဇွန်လမှာ မွေးဖွားခဲ့ပါတယ်။

play

 

ကာဒါရှီယန် မမွေးမီ ဆေးရုံကို သွားနေစဉ်မှာ ကိန်းဝက်စ်နဲ့ လက်ချင်းတွဲယှက် ဆုပ်ကိုင်ထားတဲ့ပုံကို သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပြီးတော့ မွေးဖွားပြီးတဲ့ သားငယ်ရဲ့ပုံကိုတော့ ထုတ်မပြသေးပါဘူး။

Source : www.hollywoodlife.com

Photo : Kim Kardashian West Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ