Entertainment: မော်ရိုကိုရောက် ဂျိမ်းစ်ဘွန်း မင်းသမီး တစ်ယောက်

ဂျိမ်းစ်ဘွန်းမင်းသမီးဟောင်း ဂမ်မာ အက်တီတန်ကို မှတ်မိကြမယ် ထင်ပါတယ်။

play

 

မော်ရိုကိုနိုင်ငံမှာ စနေနေ့ (ဒီဇင်ဘာ ၅ ရက်) က ကျင်ပးခဲ့တဲ့ ၁၅ ကြိမ်မြောက် Marrakech နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်လာတဲ့ ဂမ်မာကို ပရိသတ်တွေ မြင်တွေခဲ့ရပါတယ်။ ရိုးရှင်းပြီး ဆွဲဆောင်မှုကောင်းတဲ့ ကောဇောနီဖက်ရှင်နဲ့အတူ ဂမ်မာက တင့်တယ်လှပနေပါတယ်။

play

 

 ဂမ်မာက ရုပ်ရှင်ပွဲတော်အတွင်း Mr Holmes ဇာတ်ကားသစ် အထူးမိတ်ဆက်ပွဲကိုလည်း ဘောလီးဝုဒ် နာမည်ကြီး မင်းသမီး မက်ဒဟူရီ ဒီဇစ်တ်နဲ့အတူ ပါဝင်တင်ဆက် ပေးခဲ့ပါသေးတယ်။ ဗြိတိန်မင်းသမီး ဂမ်မာဟာ ဂျိမ်းစ်ဘွန်းဇာတ်ကား Quantam of Solace မှာ ပါဝင်သရုပ်ဆောင်ကာ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ဂမ်မာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Prince of Persia၊ Clash of the Titans ဇာတ်ကားများဟာလည်း ပရိသတ်အားပေးမှု အများအပြား ရရှိခဲ့ပါတယ်။

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ