Entertainment: မိတ်ကပ် လိမ်းခြယ်မထားတဲ့ ကိုင်လီရဲ့ ပင်ကိုယ် အလှ

ဆယ်ကျော်သက် နာမည်ကြီး မော်ဒယ်မလေး ကိုင်လီ ဂျန်နာက သူမရဲ့ Instagram ပရိသတ်တွေကို ရှားရှားပါးပါး ဓာတ်ပုံတစ်ပုံ မျှဝေပြသခဲ့ပါတယ်။

play

ပုံမှန်ဆိုရင်တော့ သူမရဲ့ ဓာတ်ပုံတွေက အမြဲမိတ်ကပ်နဲ့ပါ

ကိုင်လီက သောကြာနေ့ (ဒီဇင်ဘာ ၄ ရက်) တုန်းက မိတ်ကပ် လိမ်းခြယ်ထားခြင်း လုံးဝ မရှိတဲ့ သူမရဲ့ မျက်နှာအလှ Selfie ဓာတ်ပုံကို Instagram မှာ လွှင့်တင်ပြီး ပရိသတ်တွေကို ပြသခဲ့တာ ဖြစ်ပါတယ်။

play

ဒီတစ်ခါတော့ မိတ်ကပ်မပါတော့ပါဘူး

ဒီပုံကို မီယာမီမှာ အပန်းဖြေ အနားယူနေစဉ် ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။ ကိုင်လီက တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ သူမဟာ မိတ်ကပ်ထူထူ လိမ်းရမှာကို မနှစ်သက်လှဘူးလို့ ပြောခဲ့ပြီးနောက် အခု ဓာတ်ပုံကို လွှင့်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်တာဗျူးမဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ကိုင်လီက သူမရဲ့ အသက်အရွယ်က တစ်ချိန်လုံးမှာ မိတ်ကပ်ထူထူ လိမ်းထားဖို့ မလိုပေမယ့် ဓာတ်ပုံရိုက်တဲ့အခါ ဒါမှမဟုတ် ပွဲတက်တဲ့အခါ ချောမောလှပပြီး ကြည့်ကောင်းတဲ့သူ ဖြစ်နေစေချင်တယ်လို့ ဆိုပါတယ်။

play

 

မိတ်ကပ် မလိမ်းထားတဲ့ ကိုင်လီရဲ့ ပင်ကိုယ်အလှကို ပရိသတ်တွေ ဘယ်လို ထင်မိပါသလဲ။ လန်းတာလား၊ ဂွမ်းတာလား၊ ရှယ်ပဲလား၊ ဟာသဖြစ်နေလား တစ်ခုခု ပြောကြည့်ခဲ့ပါအုံး။

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ