Entertainment: ကလေးအဖေ ဖြစ်တော့မယ့် အက်ရှ်လေ ကိုးလ်

အင်္ဂလန်လက်ရွေးစင်နဲ့ ချယ်လ်ဆီးအသင်း ကစားသမားဟောင်း အက်ရှ်လေ ကိုးလ်တစ်ယောက် ကလေးအဖေ ဖြစ်တော့မယ်လို့ သိရပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ် အက်ရှ်လေနဲ့ သူရဲ့ ချစ်သူ အီတလီမော်ဒယ် ရှရွန် ကနူးတို့ဟာ ပထမဆုံး သာယောက်ျားလေး တစ်ဦးကို လာမယ့် မတ်လအတွင်းမှာ ရရှိတော့မယ်လို့ ဆိုပါတယ်။

play

 

အက်ရှ်လေဟာ အရင်က အဆိုတော် ချယ်ရီနဲ့ လက်ထပ်ခဲ့ဖူးပေမယ့် ကလေးမရှိခဲ့ပါဘူး။ ချယ်ရီက အက်ရှ်လေတစ်ယောက် ကလေးအဖေ ဖြစ်တော့မယ်ဆိုတာ သိပြီးပေမယ့် အက်ရှ်လေကိုယ်တိုင် သူ့ကို ပြောပြတာတော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ အက်ရှ်လေနဲ့ ချယ်ရီတို့ဟာ ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၃ နှစ်ကျော်အကြာမှာ ကွာရှင်းပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

play

 

အက်ရှ်လေက အမျိုးသမီးတစ်ဦးနဲ့ ဇာတ်လမ်းရှုပ်ခဲ့တာကြောင့် သူတို့နှစ်ဦး လမ်းခွဲခဲ့ကြတာလို့ ဆိုပါတယ်။ အက်ရှ်လေနဲ့ ရှရွန်တို့ သားဦးလေး ရတောမယ့် သတင်းကို ရှရွန်ရဲ့ ဖခင်ဖြစ်သူကလည်း အတည်ပြုခဲ့ပါတယ်။ အက်ရှ်လေနဲ့ သူ့ရဲ့ချစ်သူ ရှရွန်တို့ဟာ ချစ်သူတွေအဖြစ် တွဲသွားတာမျိုး ပေါ်ပေါ်ထင်ထင် သိပ်မတွေ့ရဘဲ ပြီးခဲ့တဲ့ ဇွန်လအတွင်း ကလပ်တက်စဉ်တုန်းကသာ မီဒီယာတွေ ပထမဆုံး အတူတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Source and Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ