Entertainment: ရုပ်ရှင် ရိုက်ကွင်းပေါ်က ရန်အောင်

ရန်အောင်ရဲ့ ရိုက်ကွင်းကို တူဖြစ်သူကလည်း လာရောက်သင်ယူနေတာ တွေ့ရပါတယ်။

play

 

ဒီဇင်ဘာ ၆ ရက်နေ့က သရုပ်ဆောင် ရန်အောင်ဟာ သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျက်နှာမှာ ရိုက်ကွင်းက ဓာတ်ပုံ သုံးပုံ တင်ခဲ့ပါတယ်။

ပုံထဲမှာတော့ ရန်အောင်က စစ်စိမ်းရောင် စွပ်ကျယ်နဲ့အတူ ပုဆိုးတိုတို ဝတ်ထားတာကို ကြည့်ခြင်းအားဖြင့် ကျေးလက်နောက်ခံဒေသ ဖြစ်ပါလိမ့်မယ်။ ဇာတ်ကားရဲ့ နာမည်က ချစ်ခြင်းကို မခွဲပါနဲ့လို့ အမည်ပေးထားပေးပြီး ဒါရိုက်တာ ရွှေပြည်ကတုံး ရိုက်ကူးပေးနေတာပါ။

play

စိတ်ကူးယဉ်တဲ့ ဇာတ်ဝင်ခန်း

ဒီဇာတ်ကားဟာ မိဘနဲ့ သားသမီးကြားက မေတ္တာကို ဖော်ညွှန်းထားတဲ့ ဇာတ်ကား ဖြစ်တယ်လို့လည်း သိရပါတယ်။ ရန်အောင်၊ ထွန်းအိန္ဒြာဗို၊ ဒေါ်နွဲ့နွဲ့စန်းနဲ့ အားသစ်တို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

play

တူဖြစ်သူ မင်းဇေက ရိုက်ကွင်းကို လာရောက် လေ့လာသင်ယူပါတယ်

ဇာတ်လမ်းလိုအပ်ချက်အရ အသားတွေညိုအောင် ပြင်ဆင်ထားရတယ်လို့ ရန်အောင်က ဆိုပါတယ်။

Photo : ရန်အောင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ