Entertainment: ကိုယ့်ကိုယ်ကို ဒေါသဖြစ်နေတဲ့ မေဘရဏီသော်

အင်တာဗျူး ဖြေဖို့အတွက် အချိန်ကြာကြာ စောင့်ခဲ့ရတယ်လို့ သူမက ပြောပါတယ်။

play

 

Miss Universe Myanmar 2015 ဖြစ်သူ မေဘရဏီသော်က သူမကိုယ် သူမ ဒေါသဖြစ်ရတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ၊ လတ်စ်ဗီးဂတ်မှာ ကျင်းပနေတဲ့ Miss Universe 2015 ပြိုင်ပွဲရဲ့ ပါဝင်ယှဉ်ပြိုင်သူ အလှမယ်တွေကို ဒိုင်တွေက အင်တာဗျူးခဲ့ပါတယ်။ မြန်မာ အလှမယ် မေဘရဏီသော်ကတော့ အင်တာဗျူးကို မြန်မာလိုပဲ ဖြေခဲ့တယ်လို့ သိရပါတယ်။

play

 

သူမရဲ့ ငယ်စဉ်ဘဝမှာ ကျန်းမာရေးချို့တဲ့ခဲ့ပုံ၊ အထီးကျန်ခဲ့ရတာတွေနဲ့ သူငယ်ချင်း မရှိခဲ့တဲ့အပေါ် ပြန်ပြောရတဲ့အခါ ခံစားရတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ယခုချိန်မှာတော့ ငယ်စဉ်ဘဝ နှစ် ၂၀ ကို ကြောက်စိတ်၊ အထီးကျန်စိတ်တွေနဲ့ ဖြတ်သန်းမိတာကို သူမက ဒေါသဖြစ်နေတာပါ။

play

 

ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှအပေါ် လက်ခံပြီး အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း မေဘရဏီသော်က ပြောပါသေးတယ်။

Source & Photo : May Barani Thaw Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ