Entertainment: ရိုလင်းစတုန်း ကြယ်ပွင့် ရော်နီဝုဒ် ၆၈ နှစ်ရောက်မှ ကလေးအဖေ ထပ်ဖြစ်

အသက် ၆၈ နှစ်အရွယ်ရောက်မှ ဇနီးသည်နဲ့အတူ ကိုယ်ဝန်ထပ်ရခဲ့ပြီး ကိုယ်ဝန်က အမြွှာဖြစ်နေပါတယ်။

play

 

ကမ္ဘာကျော်ရိုးလင်းစတုန်းအဖွဲ့ရဲ့ ဂစ်တာသမား ရော်နီဝုဒ်ဟာ အသက် ၆၈ နှစ်အရွယ် ရောက်နေပြီဖြစ်ပေမယ့် မကြာခင်မှာ ဖခင်တစ်ယောက် ထပ်ဖြစ်လာဦးမယ်လို့ ကြေငြာလိုက်ပါပြီ။ ရော်နယ်ဝုဒ်ရဲ့ ဇနီးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ်ရှိ ဆယ်လီက ရော်နီ့ရဲ့ ကိုယ်ဝန်ကို လွယ်ထားရပါပြီ။

အံ့သြဖို့ကောင်းတာက လွယ်ထားရတာကိုယ်ဝန်ဟာ အမြွှာဖြစ်နေတာပါပဲ။ လာမယ့်ဇွန်လအတွင်းမှာ အဆိုပါ အမြွှာကိုယ်ဝန်ကို မွေးဖွားသွားမှာ ဖြစ်ပါတယ်။ ရိုးလင်းစတန်းကြယ်ပွင့် ရော်နီ့အတွက်တော့ ပထမဆုံးကလေး မဟုတ်ပါဘူး။ ရော်နီ့မှာ သားသမီး လေးဦးရှိထားပြီးသား ဖြစ်ပါတယ်။

play

 

ရော်နီနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ အသက် ၃၁ နှစ်ကွာဟနေပေမဲ့လည်း ဒါကို သူတို့ကြားမှာ လုံးဝသတိမထားမိဘူးလို့ ဆယ်လီက အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။ ဒါပေမယ့် ရော်နီဝုဒ်ကတော့ မကြာခဏဆိုသလို ဆယ်လီ့ကို သူ့ရဲ့သမီးဖြစ်သူနဲ့ မှားလေ့ရှိတယ်လို့ ဆိုပါတယ်။

play

ဘာပဲဖြစ်ဖြစ် အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့်လည်း အမြွှာရနိုင်သေးတယ်ဆိုတာ ရိုးလင်းစတန်း ကြယ်ပွင့်ဂစ်တာသမားကြီးက သက်သေပြလိုက်ပါပြီ။

Source : news.sky.com

Photos :see2me.ru

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ