Entertainment: ဒေးဗစ်ဘက်ခမ်းရဲ့သား ရိုမီယိုက မော်ဒယ်ပဲ လုပ်မယ်တဲ့

ဘောလုံးကြယ်ပွင့် ဘက်ခမ်းရဲ့ သားဖြစ်သူတွေက အဖေလို အားကစားသမားမဖြစ်ချင်ပဲ အမေဖြစ်သူ ဗစ်တိုးရီးယားလို အနုပညာလုပ်ငန်းတွေကိုသာ စိတ်ဝင်စားနေတာပါ။

 

သားဖြစ်သူရိုမီယိုက ဘောလုံးသမားဖြစ်ဖို့ စိတ်မဝင်စားပဲ မော်ဒယ်တစ်ဦးဖြစ်ဖို့သာ စိတ်ဝင်စားနေတာကြောင့် ဘောလုံးသမားကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်းတစ်ယောက် အကြီးအကျယ် စိတ်ပျက်နေပါတယ်။ ရိုမီယိုက ဘောလုံးမကစားချင်တော့ဘူးလို့ ပြောလိုက်တဲ့ အချိန်မှာ ပထမတော့ စိတ်ပျက်သလို ဖြစ်သွားခဲ့သေးတယ်လို့ ဘက်ခမ်းက ပြောပါတယ်။

play

 

ဒါပေမယ့်လည်း အခြားတစ်ဖက်မှာ ရိုမီယိုစိတ်ဝင်စားနေတဲ့ အရာတွေကို သဘောကျပါတယ်လို့ ဘက်ခမ်းက ကဆိုပါတယ်။ ရိုမီယိုက အသက် ၁၃ နှစ်ပဲရှိသေးပေမယ့် အခုဆိုရင် Burberry ဖက်ရှင်ရဲ့ မော်ဒယ်တစ်ဦး ဖြစ်နေပါပြီ။

play

Burberry ရဲ့မော်ဒယ် ရိုမီယို

သားကြီးဖြစ်သူ ဘရွတ်ကလင်းကလည်း ဘောလုံးကစားရတာထက် ဓာတ်ပုံရိုက်တာကို ပိုပြီးဝါသနာပါသူ ဖြစ်ပါတယ်။ ဒီတော့ ဘက်ခမ်းရဲ့ သားကြီးနဲ့ သားလတ်နှစ်ဦးလုံး အားကစားနယ်ပယ်မှာ တွေ့ရဖို့ မရှိပဲ အနုပညာ လောကမှာပဲ တွေ့ရနိုင်ပါတယ်။

Source & Photos :www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ