Entertainment: ၂၀၁၅ ရဲ့ တွစ်တာကို လွှမ်းမိုးသူတွေ

လူမှုကွန်ရက်ဆိုတာ ယနေ့ခေတ်ရဲ့ အရေးအပါဆုံး ကမ္ဘာတစ်ခုပါ။ တွစ်တာဟာလည်း လူသုံးများတဲ့ လူမှုကွန်ရက်ဖြစ်ပါတယ်။

play

 

တွစ်တာရဲ့ ထုတ်ပြန် ကြေညာချက်အရ ၂၀၁၅ ခုနှစ်ရဲ့ တွစ်တာကို လွှမ်းမိုးသွားသူတွေကတော့ ဟယ်ရီစတိုင်၊ ကေတီပယ်ရီ နဲ့ ကိတ်လင်း ဂျန်နာတို့ပဲ ဖြစ်ပါတယ်။

play

 

ကေတီပယ်ရီဟာ follower ၇၈.၃ သန်း ရရှိထားသူ ဖြစ်ပါတယ်။

play

 

ဆယ်ကျော်သက်တွေ သဲသဲလှုပ်ခံရတဲ့ One Direction အဖွဲ့ရဲ့ အဆိုတော်လေး ဟယ်ရီစတိုင် တင်ခဲ့တဲ့ tweet ဟာ လူတွေပြန်ပြီး re-tweet လုပ်တာ အများဆုံးပါပဲ။

play

 

"All the love as always.H" ဆိုတဲ့ သူ့ရဲ့ tweet ကို Retweet ပြုလုပ်သူပေါင်း ၇ သိန်း ကျော်ခဲ့ပါတယ်။

play

 

ဘရုစ် ဂျန်နာ ဘဝမှ ကိတ်လင်း ဂျန်နာ အဖြစ် လိင်ပြောင်းလဲခဲ့တဲ့ ကိတ်လင်း ဂျန်နာဟာ တွစ်တာနဲ့ ပတ်သက်ပြီး ဂင်းနစ်စံချိန်တောင် ရထားသူပါ။

play

 

၎ နာရီနဲ့ ၃ မိနစ်အတွင်း follow လုပ်သူ ၁ သန်း ရခဲ့လို့ အချိန်တိုအတွင်းမှာ follower ၁ သန်း ပြည့်ခဲ့တဲ့ စံချိန်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

Source & Photo : www.twitter.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ