Entertainment: အေးမြတ်သူ ဘဝထဲက အရေးကြီးဆုံးအရာ (၃) ခု

, updated

ဘဝရဲ့ အရေးပါဆုံး၊ အရေးကြီးအရာတွေကို တန်ဖိုးထား ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

play

 

လူတိုင်းရဲ့ ဘဝမှာ တန်ဖိုးထားရတဲ့ အရာတွေ ကိုယ်စီ ရှိကြမှာပါ။ အေးမြတ်သူရဲ့ ဘဝထဲက အရေးကြီးဆုံးအရာတွေကို သူမက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

၁။ ပရိသတ်

နံပါတ်တစ်က ပရိသတ်ပါ။ ချစ်ခင် အားပေးတဲ့လူတွေ ပရိသတ်တွေရှိမှ နံပါတ်နှစ် အရေးကြီးဆုံးအရာကို စောင့်ရှောက်နိုင်မှာပါ။

play

 

၂။ မိသားစု

သူမက မိသားစုကို တန်ဖိုးထားတဲ့ လူတစ်ဦးပါ။ လူငယ်ဘဝတည်းက မိသားစုအတွက် ရုန်းကန်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူမဘဝအတွက်တော့ မိသားစုဟာ အရေးကြီးဆုံး အရာတစ်ခုပါ။

၃။ အိမ်ထောင်ဖက်

သူမမှာ အိမ်ထောင်ဖက် တွေ့နေပြီလို့တော့ မကြားမိပါဘူး။ ဒါပေမဲ့ သူမ တန်ဖိုးထားမယ့်အရာဟာ အနာဂတ်အိမ်ထောင်ဖက်ပါတဲ့။ လက်ရှိအချိန်မှာ တန်ဖိုးအထားဆုံးက ပရိသတ်နဲ့ မိသားစု ဖြစ်နေပေမဲ့ အဲ့ဒီနှစ်ခု ပြည့်စုံပြီးတဲ့နောက်မှာတော့ လိုအပ်တဲ့အရာက အိမ်ထောင်ဖက်ဖြစ်တယ်လို့ ဆိုပါတယ်။ ချစ်သူလို့တော့ မဆိုလိုပါဘူးလို့ အေးမြတ်သူက ပဟေဠိထုတ်သွားလေရဲ့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ