ဂီတ နယ်ပယ်တွင် ဂုဏ်သိက္ခာ ကြီးမားသော ဂရမ်မီ ဆုပေးပွဲအား နှစ်စဉ် ကျင်းပလေ့ရှိရာ ၅၈ ကြိမ်မြောက် ဂရမ်မီဆုအတွက် ဆန်ကာတင်စာရင်းများကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
အကောင်းဆုံး တက်သစ်စ အနုပညာရှင်ဆုကို ကောက်တနေ ဘားနတ်၊ ဂျိမ်းစ် ဘေး၊ ဆမ် ဟန့်၊ တိုရီ ကယ်လီ၊ မက်ဂန် ထရိန်နော တို့ ရွေးချယ်ခံထားရပါတယ်။
တစ်နှစ်တာ အကောင်းဆုံးသီချင်းဆုရှင်ကတော့ ကန်ဒရစ် လာမာ၊ တေလာဆွစ်၊ လစ်တဲလ် ဘစ် တောင်း၊ ဝစ်ဇ် ခါလီဖာ (ချာလီပွတ်နောက်ခံ)၊ အဒ် ရှီယန် တို့အနက် ဘယ်သူကများ ဆုကို ဆွတ်ခူးမလဲဆိုတာ စောင့်မျှော်ရမှာပါ။
တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုရှင်အဖြစ် အယ်လာဘားမား ရှိတ်၊ ကန်ဒရစ် လာမာ၊ ခရစ္စ စတပ်လီတန်၊ တေလာဆွစ်၊ The Weekend တို့က နေရာယူထားပါတယ်။
အကောင်းဆုံး တစ်ကိုယ်တော် တင်ဆက်မှု ပေါ့ပ် အဆိုတော်ကတော့ ကယ်လီ ကလတ်ဆန်၊ အယ်လီ ဂေါဒလင်း၊ အဒ် ရှီယန်၊ တေလာဆွစ်နဲ့ The Weekend တို့မှာ တေလာဆွစ်ကတော့ ပရိသတ်တွေကြား ပိုပြီး ရေပန်းစားနေတယ်လို့ သိရပါတယ်။
အကောင်းဆုံး ဇာတ်ဝင်တေး အယ်လ်ဘမ်ဆုအဖြစ် ဆန်ကာတင် စာရင်းဝင်ထားတဲ့ ဇာတ်ကားတွေကတော့ Season 1, Fifty Shades of Grey, Glen Campbell I'll Be Me, Pitch Perfect 2, Selma Movie တို့ ဖြစ်ပါတယ်။ မြန်မာပရိတ်သတ်တွေကြား ကျော်ကြားတာကတော့ Fifty Shades of Grey နဲ့ Pitch Perfect 2 တို့ပါပဲ။