Entertainment: ဆုရ  မှတ်တမ်းရုပ်ရှင် ဇာတ်ကား (၃) ကား ဂျပန်မှာ ပြမည်

ထိုဇာတ်ကားများ ပြသခြင်းမှရရှိသည့် အမြတ်ငွေများကို ပရဟိတလုပ်ငန်းအတွက် အသုံးပြုသွားမည်ဖြစ်သည်။

play

 

ယခုလ (၁၂) ရက်နေ့တွင် တန်ခူးရုပ်ရှင် ထုတ်လုပ်ရေးမှ ရုပ်ရှင်ပွဲတော်များတွင် ဆုရရှိထားသည့် မှတ်တမ်းရုပ်ရှင် ဇာတ်ကား (၃) ကားကို ဂျပန်နိုင်ငံ ၌ ပြသရန် စီစဉ်ထားကြောင်း သိရသည်။

play

 

အဆိုပါ အစီအစဉ်ကို တန်ခူးရုပ်ရှင်နှင့် ဂျပန်ကျောင်းသားများမှဖွဲ့ထားသည့် Learning Across Borders အဖွဲ့တို့က ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး ပြသမည့် ရုပ်ရှင်ကားများသည် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၁၄ နှင့် Srem Film  Festival 2015 တွင် ဆုများရရှိထားသည့် ‘ဒါတို့မြေ’ မှတ်တမ်းရုပ်ရှင်၊ ဝဿန်ရုပ်ရှင်ပွဲတော် ၂၀၁၄ နှင့် ၂၀၁၅ တွင် ဆုများရရှိထားသည့် ‘အိမ်စာ’နှင့် 'The Special One' မှတ်တမ်းရုပ်ရှင်ကားများဖြစ်သည်။

play

 

ထိုဇာတ်ကားများ ပြသခြင်းမှရရှိသည့် အမြတ်ငွေများကို ပရဟိတလုပ်ငန်းအတွက် အသုံးပြုသွားမည်ဖြစ်သည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ