Entertainment: ပရိသတ်တွေ အများကြီး လာကြိုမယ်လို့ မထင်ထားခဲ့ဘူး

Lဘောက်နူးရဲ့ ကျေးဇူးတင်စကားထဲမှာ ပရိသတ်တွေကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်

play

 

လတ်စ်ဗီးဂတ်စ်မှာကျင်းပတဲ့ Miss Supernational 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် Lဘောက်နူးဟာ ဒီဇင်ဘာ ၇ ရက်နေ့ ညက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

play

 

လေဆိပ်မှာ သူမကို ကြိုဆိုသူတွေ များပြားခဲ့တဲ့အပေါ် "ဒီလောက် အများကြီး လာကြိုကြလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ပါဘူး။ အရမ်းဝမ်းသာပါတယ်" လို့ သူမက ပြောပါတယ်။

ဒီပြိုင်ပွဲမှာ Lဘောက်နူးက အကောင်းဆုံး ညနေခင်း ပွဲတက်ဝတ်စုံဆုနဲ့ အင်တာနက်မှာ မဲအများဆုံး ရရှိခဲ့ပြီး ဆန်ကာတင် အယောက် ၂၀ အဆင့်နဲ့ အိမ်ပြန်ခဲ့ရတာပါ။

play

 

Miss Goldenland Earth ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် အိမ့်မျက်ခြယ်ကလည်း Lဘောက်နူးနဲ့အတူ အမိမြေကို အတူတကွ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Source & Photo : L Bawk Nu Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ