Entertainment: ပလေးဘွိုင်းရဲ့ နောက်ဆုံးမော်ဒယ် ဘယ်သူလဲ

နှစ်ပေါင်း ၆၀ ကျော် ပုရိဿတွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ ပလေးဘွိုင်းမဂ္ဂဇင်းကို ရပ်နားတော့မှာဖြစ်ပြီး အခုနောက်ဆုံး မော်ဒယ်ဖြစ်လာမယ့် သူကလည်း အလွန်လန်းတဲ ဂျော်ဂျီယာမော်ဒယ်ဖြစ်နေပါတယ်။

play

 

ကမ္ဘာကျော်တဲ့ ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ မျက်နှာဖုံး အဖော်အချွတ်ပုံတွေနဲ့ နောက်ဆုံးအကြိမ်အဖြစ် ဖော်ပြခံရမယ့် မော်ဒယ်တစ်ဦးဟာ ဘယ်သူဖြစ်မလဲဆိုတာ နောက်ဆုံးတော့ ထွက်လာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလ အတွက် ထုတ်ဝေမယ့် ပလေးဘွိုင်းမဂ္ဂဇင်းမှာ မျက်နှာဖုံးမော်ဒယ်အဖြစ် အရိုက်ခံရမယ့် သူဖြစ်ပါတယ်။

play

 

ဂျော်ဂျီယာမှာ နေထိုင်တဲ့ အသက် ၂၆ အရွယ်ခရစ္စတီဂါရက်ဆိုသူ မော်ဒယ်ဟာ ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ နောက်ဆုံး အဖော်အချွတ် မျက်နှာဖုံးရှင် ဖြစ်လာတော့မှာပါ။ နှစ်ပေါင်း ၆၀ ကျော်ကြာထုတ်ဝေလာတဲ့ ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ အဖော်အချွတ် ပုံတွေဖော်ပြမှုကို အခုရပ်နားတော့မှာ ဖြစ်ပြီး အသွင်သစ်နဲ့ မတ်လမှာ ထုတ်ဝေမှာပါ။

play

 

 ပလေးဘွိုင်းရဲ့ နောက်ဆုံးအဖော်အချွတ် မျက်နှာဖုံးရှင် ဖြစ်လာမယ့် မော်ဒယ်ဂါရက်က ဘာသာစကား ခြောက်မျိုး ပြောတက်သူလည်း ဖြစ်ပါတယ်။

အဲဒီအခါ အရင်တုန်းက အောင်မြင်ခဲ့သလို မော်ဒယ်တွေရဲ့ အဖော်အချွတ်ပုံတွေ အသားပေးပြီး ဖော်ပြသွား တော့မှာ မဟုတ်တော့ပါဘူး။ ပလေးဘွိုင်းရဲ့ ပထမဆုံးမျက်နှာဖုံးမော်ဒယ်က မင်းသမီး မာရီလင်မွန်ရိုးဖြစ်ခဲ့ပြီး ၁၉၅၃ ဒီဇင်ဘာမှာ ထုတ်ဝေခဲ့တာပါ။

play

 

မာရီလင်မွန်ရိုးဓါတ်ပုံနဲ့ ပထဆုံး ပလေးဘွိုင်း

Source :www.nydailynews.com

Photos :www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ