Entertainment: ကျိုက်ထီးရိုးရောက် အပျိုကြီးနှစ်ယောက်

အဖွဲ့လိုက် ပျော်ပျော်ပါးပါး သွားကြတာပါ။ ကော်နီနဲ့ သျှီရဲ့ အပြုံးတွေကိုလည်း တွေ့ရမှာပါ။

play

 

အဆိုတော် အပျိုကြီးမမ နှစ်ယောက် ခရီးသွားတဲ့အခါ ဘာအရင်လုပ်မယ်ထင်ပါသလဲ။ ဓာတ်ပုံရိုက်ကြတာပဲပေါ့။

play

 

တနင်္လာနေ့ မနက်အစောပိုင်းက ကော်နီ၊ သျှီ၊ ရန်ရန်ချမ်းနဲ့ တက်သစ်စ အဆိုတော်တွေ ပါဝင်တဲ့ အဖွဲ့ဟာ ကျိုက်ထီးရိုးသို့ ဘုရားဖူး ထွက်ခဲ့ကြပါတယ်။ ခရီးစဉ်က ပုံတွေထဲမှာတော့ ကော်နီက တော်တော်လှနေခဲ့တာပါ။

play

 

ကော်နီရဲ့ ပုံအောက်မှာ ထွန်းအိန္ဒြာဗိုက ၁၂ ရက်နေ့ အမှိုက်ကောက်မယ့် အစီအစဉ်ရှိတယ်လို့ ပြောတဲ့အပေါ်မှာလည်း ကော်နီက လိုက်ခဲ့ပါဦးမယ်လို့  ပြန်ပြောထားတာ တွေ့ရပါတယ်။ အဆိုတော် ကော်နီဟာ အသက် ၅၀ အရွယ် အပျိုကြီးဆိုပေမဲ့ တော်တော်ကို သွက်လက်ချက်ချာပြီး ချစ်ဖို့ကောင်းနေဆဲပါ။

Photo : ကော်နီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ