Entertainment: ဒိုင်ယာနာရဲ့ သရဖူနဲ့ လှနေတဲ့ ချွေးမတော်

မင်းသား ၀ီလျံနဲ့အတူ တက်ရောက်လာတဲ့အခါ လူတွေရဲ့ အကြည့်တွေက ကြင်ယာတော် ကိတ်ဆီမှာပဲ စုပြုံရောက်ရှိသွားပါတယ်။

play

 

ဗြိတိန်ပြည်သူတွေရဲ့ အချစ်တော် ကဲမ်ဘရစ်(ဂ်ျ) (Cambridge) မြို့စားကတော် ကိတ် မစ်ဒယ်တန်ဟာ ဒီဇင်ဘာ ၈ ရက်နေ့ညမှာ လူတွေကို ငေးမောစေခဲ့ပါတယ်။

play

 

ဘက်ကင်ဟန်နန်းတော်မှာ ဘုရင်မကြီးက နှစ်စဉ် ကျင်းပလေ့ရှိတဲ့ သံတမန်ရေးရာ ဧည့်ခံပွဲကို တက်ရောက်လာတဲ့ ကိတ် မစ်ဒယ်တန်ဟာ ဒိုင်ယာနာ အကြိုက်ဆုံး သရဖူလေးကို  ပထမဆုံးအကြိမ်အဖြစ် ဆင်မြန်းထားတာပါ။

play

 

ဒိုင်ယာနာနဲ့အတူ မကြာခဏ တွဲပြီး မြင်ရလေ့ရှိတဲ့ Cambridge Lover's Knot tiara အမည်ရ သရဖူဟာ စိန်နဲ့ ပုလဲကို ပေါင်းစပ်ထားတဲ့ လက်ရာဖြစ်ပါတယ်။ ဒီသရဖူနဲ့ တွဲလျက် ဖန်တီးထားတဲ့ ပုလဲနားဆွဲလည်း ရှိပါတယ်။ ကိတ်ကတော့ သူမကိုယ်ပိုင် နားဆွဲကိုသာ ဝတ်ဆင်ထားတာပါ။

play

 

 နိုင်ငံပေါင်း ၁၃၀ ကျော်က လူပေါင်း ၁၅၀၀ ထက်မနည်း တက်ရောက်တဲ့ အဲဒီပွဲမှာတော့ ဘက်ကင်ဟမ်နန်းတော်ရဲ့ အလှကျက်သရေဟာ ကိတ် မစ်ဒယ်တန် ဖြစ်ခဲ့ပါတော့တယ်။

Source & Photo : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ