Entertainment: လုံးကြီးပေါက်လှ ကိုယ်ခန္ဓာနဲ့ အောင်မြင်နေတဲ့ မော်ဒယ်

အတန်ငယ် ပြည့်ဖြိုးတဲ့ လုံးကြီးပေါက်လှ မော်ဒယ် အစ်ခရာ လောရင့်စ်ရဲ့ လတ်တလော ပြောစကားက သာမန်ထက် ဝဖြိုးသူ မော်ဒယ်တွေကြား ရိုက်ခတ်ခဲ့ပါတယ်။

play

 

အစ်ခရာက အသက် ၁၃ နှစ် အရွယ်ကတည်းက မော်ဒယ်လောကကို ခြေချခဲ့သူပါ။ သူမ အသက် ၁၈ နှစ်ဝန်းကျင်မှာ သူမရဲ့ ကိုယ်ခန္ဓာ အချိုးအစားကို သာမန် မော်ဒယ်တွေ ပုံစံမျိုး ဖြစ်ဖို့ထက် မော်ဒယ်လုပ်ငန်းရဲ့ အမြင် အယူအဆတွေကို ပြောင်းလဲပစ်ဖို့သာ ကြိုးစားရမယ်လို့ နားလည် သဘောပေါက်ခဲ့ကြောင်း ဆိုပါတယ်။

play

 

အစ်ခရာက သူမရဲ့ ဓာတ်ပုံတွေမှာ ကိုယ်ခန္ဓာ သွယ်လျသွားအောင် ပြင်ဆင်တာမျိုး လုပ်လေ့မရှိဘူးလို့လည်း ပြောပါတယ်။ လက်ရှိမှာ သူမနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ လက်ရှိ မော်ဒယ် အေဂျင်စီတွေကလည်း အစ်ခရာရဲ့ ကိုယ်ခန္ဓာ အချိုးအစားနဲ့လည်း အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်ဖြစ်နိုင်တယ်လို့ အားပေးကြပါတယ်။

play

 

ဒါကြောင့်လည်း အစ်ခရာက သူမရဲ့ ကိုယ်ခန္ဓာ အချိုးအစားကို လုံးကြီးပေါက်လှစတိုင်ဖြင့် ကျန်းမာကြံ့ခိုင်သူ တစ်ဦးဖြစ်အောင် လေ့ကျင့်ခန်းနဲ့ အစားအသောက်တွေကို ဂရုစိုက်နေပါသတဲ့။ အစ်ခရာဟာ Instagram မှာလည်း ကျော်ကြားသူတစ်ဦးဖြစ်ပြီး သူမရဲ့ follower ပရိသတ် ၄ သိန်းနီးပါး ရှိနေပါတယ်။

play

 

အစ်ခရာက Instagram မှာ ဖက်ရှင်အလှအပ ဓာတ်ပုံတွေ တင်လေ့ရှိသလို သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း ပရိသတ်တွေကို ပြသလေ့ရှိပါတယ်။ အစ်ခရာရဲ့ Instagram ကို follow လုပ်ချင်တယ်ဆိုရင် www.instagram.com/iamiskra ဖြစ်ပါတယ်။

play

http://www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ