Entertainment: ကင်ကာဒါရှီယန်ရဲ့ သားနာမည်အတွက် ဆောက်သမ်တန်ရဲ့ သဘောထား

, updated

ကင်ကာဒါရှီယန်က သူ့ရဲ့သားငယ်နာမည်ကို စိန့်လို့ ပေးထားတာဖြစ်ပြီး ဆောက်သမ်တန် ဘောလုံးအသင်းရဲ့နာမည်ပြောင်ကလည်း စိန့် ဖြစ်နေပါတယ်။

play

 

မကြာသေးခင်ကမှ မွေးဖွားထားတဲ့ သားငယ်ကို ကင်ကာဒါရှီယန်နဲ့ ကင်ယေးဝက်စ်တို့က စိန့်လို့ အမည်ပေးလိုက်တဲ့အပေါ် ဝမ်းသာကြောင်း ဆောက်သမ်တန်ဘောာလုံးအသင်းက ထောက်ခံလိုက်ပါတယ်။

သူတော်စင်လို့ အဓိပ္ပါယ်ရတဲ့ စိန့်ဆိုတာ တကယ်တော့ ဆောက်သမ်တန်အသင်းရဲ့ အမည်ပြောင် ဖြစ်ပါတယ်။ ဘောလုံး ပရိသတ်တွေကြားမှာ ဆောက်သမ်တန်ကို စိန့်လို့သာခေါ်ကြပါတယ်။ ဒါပေမ့် ဆောက်သမ်တန်ကတော့ ကင်ကာဒါရှီယန်တို့ သားငယ်လေးရဲ့ အမည်နဲ့ ပတ်သတ်ပြီးအေးအေးဆေး ဖြစ်ကြောင်း တွစ်တာကတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

play

 

တွစ်တာကတဆင့် တရားဝင် ရေးသားဖော်ပြရာမှာ “အရမ်းကောင်းတဲ့ ရွေးချယ်ချယ်မှုပါ @KimKardashian #saintsfc” ဆိုပြီး ပါဝင်ပါတယ်။ တကယ်တမ်းမှာတော့ ကင်ကာဒါရှီယန်တို့က စိန့်လို့နာမည်ပေးတာကို စိတ်ဆိုးနေမလား မပြောတက်ပါဘူး။ ကလေးငယ်ကို စိန့်လို့အမည်ပေးတဲ့အတွက်လည်း ကင်ကာဒါရှီယန်တို့ အပေါ် ဒေါသထွက်နေသူတွေရှပါတယ်။

Source : southmptonfc twitters

Photos : www.dailymail.co.uk, www.zat2it.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ