Entertainment: လက်စ်ဗီးဂက်စ်ရောက် ကမ္ဘာ့အချောအလှများ

, updated

ကမ္ဘာတစ်ဝန်းက နိုင်ငံကိုယ်စားပြု အချောအလှမယ်တွေကို လက်စ်ဗီးဂက်စ်မှာ စုစည်း မြင်တွေ့ခဲ့ရပါတယ်။

play

 

ယခုနှစ် မယ်စကြဝဠာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အလှမယ်တွေဟာ ပွဲအခမ်းအနား ကျင်းပမယ့် လက်စ်ဗီးဂက်စ်မှာရှိ ပလန်းနက်ဟောလီးဝုဒ် ကာစီနိုနဲ့ အပန်းဖြေ ဟိုတယ်ကို ပြိုင်ပွဲအကြို ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ကြပါတယ်။

play

 

ကမ္ဘာတစ်ဝန်းမှ အလှမယ် ၈၁ ဦးက ပလန်းနက်ဟောလီးဝုဒ်မှာ အဖွဲ့လိုက် အလှဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။ ယခုနှစ် မယ်စကြဝဠာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အလှမယ်တွေနဲ့အတူ ၂၀၁၄ ခုနှစ် မယ်စကြဝဠာ သရဖူကို ဆွတ်ခူးခဲ့တဲ့ ကိုလံဘီယာအလှမယ် ပေါလ်လီနာ ဗီဂါလည်း ပါဝင်ခဲ့ပါတယ်။

play


(၂၀၁၄ ခုနှစ် မယ်စကြဝဠာ ကိုလံဘီယာအလှမယ် ဗီဂါနှင့် ပြိုင်ပွဲဝင် အလှမယ်များ)

မယ်စကြဝဠာ ဗီဂါရဲ့ အလှအပကလည်း မြင်သူတွေအတွက် စွဲမက်လောက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် အလှမယ် ဗီဂါဟာ မယ်စကြဝဠာပြိုင်ပွဲ ကျင်းပတဲ့ ၆၃ နှစ်တာ သမိုင်းတစ်လျှောက် သရဖူဆွတ်ခူးနိုင်ခဲ့တဲ့ ဒုတိယမြောက် ကိုလံဘီယာအလှမယ် ဖြစ်ပါတယ်။

play

 

၂၀၁၄ ခုနှစ်က မယ်စကြဝဠာ သရဖူကို အလှမယ် ဗီဂါက ဆွတ်ခူးရရှိပြီးနောက် ကိုလံဘီယာ တစ်နိုင်ငံလုံးမှ ပြည်သူတွေဟာ လမ်းမများပေါ်ထွက်ပြီး ကခုန်အောင်ပွဲခံခဲ့ကြပါတယ်။

play

 

သမ္မတ ဂျူအန် မန်နျူရယ် ဆန်းတို့စ်ကလည်း အလှမယ် ဗီဂါကို ဂုဏ်ပြုတဲ့ အနေနဲ့ တရားဝင် အားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ယခုနှစ် မယ်စကြဝဠာပြိုင်ပွဲကိုတော့ လာမယ့် ဒီဇင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ