Entertainment: ပရိသတ် ရင်ထဲမှာ အမြဲတမ်းရှိဖို့ ကြိုးစားနေသူလေး

, updated

ကိုယ်တိုင်ရေး သေမိန့်ဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်ကား ဖြစ်ပါတယ်။

play

 

လတ်တလောရိုက်ကူးနေတဲ့ ကိုယ်တိုင်ရေးသေမိန့် ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားမှု များပြားနေပါတယ်။

ဒီဇာတ်ကားမှာ ခင်ဝင့်ဝါက နေတိုး၊ ကျော်ကျော်တို့နဲ့အတူ သရုပ်ဆောင်ထားတာပါ။ ကိုယ့်ကို သတ်သွားတဲ့ တရားခံကို လိုက်လံရှာဖွေနေတဲ့ သရဲမလေးအဖြစ် ခင်ဝင့်ဝါက သရုပ်ဆောင်ထားပြီး အချစ်ဒရာမာအမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။

play

 

သူမက ဇာတ်ကားရိုက်ကူးမှုအပြင် ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေပြီး Camella မိတ်ကပ်၊ Oppo ဖုန်း၊ Ve Ve အချိုရည်တို့ရဲ့ Brand Ambassador အဖြစ်လည်း ဆောင်ရွက်နေပါတယ်။ အနုပညာလောမှာ ရေရှည် ရပ်တည်နိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး ပရိတ်သတ်ရင်ထဲမှာ အမြဲရှိနေနိုင်မယ့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Source : www.popularmyanmar.com

Photo : ခင်ဝင့်ဝါဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ