Entertainment: ‘ခါချနေရတယ်’ ဒီဗီဒီ အသံပိုင်း အဆင်မပြေမှုများနဲ့ ပက်သက်ပြီး ရှင်းပြခဲ့တဲ့ ဝိုင်းစုခိုင်သိန်း

အခွေတွေကုန်သွားလို့ ထပ်ကူးပြီးဖြန့်ချိတဲ့အခါမှာ အခွေရဲ့အသံစနစ်ကို ပုံမှန်အတိုင်းပြန်လုပ်ပေးသွားမယ်လို့ သိရပါတယ်။

play

 

ယခုလ (၅) ရက်နေ့က ဖြန့်ချိခဲ့တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း ရဲ့ ‘ခါချနေရတယ်’ ဒီဗီဒီမှာ အခွေရဲ့အသံစနစ်မြှင့်ထားတာကြောင့် ပရိသတ်တွေအနေနဲ့ နားထောင်ရတာ အဆင်မပြေ ဖြစ်နေတာပါလို့ ဝိုင်းစုခိုင်သိန်းက ရှင်းပြထားပါတယ်။

play

 

ဒါပေမယ့် လက်ရှိ ကူးယူထားတဲ့ အခွေတွေကုန်သွားလို့ ထပ်ကူးပြီးဖြန့်ချိတဲ့အခါမှာ အခွေရဲ့အသံစနစ်ကို ပုံမှန်အတိုင်းပြန်လုပ်ပေးသွားမယ်လို့ သိရပါတယ်။

‘ခါချနေရတယ်’ ဒီဗီဒီ အခွေဟာ ယခင်ကထွက်ရှိထားတဲ့ အခွေများထက် ရောင်းအားပိုကောင်းနေပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရခဲ့ပါတယ်။

Photo: Wine Su Khaing Thein Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ