Entertainment: တူတူပုန်းတမ်း ကစားရာမှ ရခဲ့တဲ့ ဒဏ်ရာ အမာရွတ်ကို နှစ်သက်တဲ့ ကိုင်လီ

ဆယ်ကျော်သက် မော်ဒယ်မလေး ကိုင်လီ ဂျန်နာက အမဖြစ်သူ ကန်ဒဲလ်နဲ့ တူတူပုန်းတမ်း ကစားရင်း ရခဲ့တဲ့ ပေါင်တံမှဒဏ်ရာအမာရွတ်ကို အမှတ်တရအဖြစ် နှစ်သက်တယ်လို့ပြောပါတယ်။

play

 

ကိုင်လီက သူမရဲ့ ပေါင်တံမှ အမာရွတ်ပုံကို ဒီနေ့ (ဒီဇင်ဘာ ၁၀ ရက်) Instagram မှာ လွှင့်တင်ခဲ့ပါတယ်။ ပုံစာအညွန်းအဖြစ် ကျွန်မရဲ့ အမာရွတ်ကို နှစ်သက်ပါတယ်လို့ ရေးထားပါတယ်။

play

 

ကိုင်လီရဲ့ ပေါင်တံမှ အမာရွတ်က အနည်းငယ် ရှည်လျားပြီး တစ်ခုခုနဲ့ ခြစ်မိထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒီ အမာရွတ်နဲ့ ပတ်သက် လို့ ၂၀၁၁ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ကိုင်လီက အမှတ်တရ ပြန်ပြောခဲ့ဖူးပါတယ်။

play

 

ကိုင်လီရဲ့ အသက် ၅ နှစ်အရွယ် ဝန်းကျင်မှာ အမဖြစ်သူ ကန်ဒဲလ်နဲ့ တူတူပုန်းတမ်း ကစားကြရာက ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ပေါင်တံမှာ အမာရွတ် ထင်ကျန်ခဲ့တာပါ။

play

 

ကိုင်လီဟာ အောင်မြင်တဲ့ ဆယ်ကျော်သက် မော်ဒယ်မလေးအဖြစ် အလှဓာတ်ပုံ အများအပြား ရိုက်ကူးနေရပေမဲ့ သူမရဲ့ ပေါင်တံက ဒဏ်ရာအမာရွတ်ကို သတိထားပြီး ဖုံးကွယ်လေ့ မရှိဘူးလို့ ဆိုပါတယ်။

Source & Photo: www.dailymail.co.uk, Kylie Jenner's Instagram, Video: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ