Entertainment: ဘန်နီဖြိုး ရင်ခုန်နေသည်

ဒီဇင်ဘာက ဘန်နီဖြိုးကို အမြဲတမ်း ရင်ခုန်စေပါတယ်။ ဘန်နီရဲ့ ပထမဆုံး စီးရီးဖြစ်တဲ့ "ချစ်တယ်ဟုတ်" VCD နဲ့ DVD ကိုလည်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ ထွက်ရှိခဲ့တာပါ။

play

 

လူငယ် အဆိုတော်လေး ဘန်နီဖြိုးတစ်ယောက် ရင်တွေခုန်နေပါတယ်။ ဒီဇင်ဘာဟာ သူ့ကို အမြဲတမ်း ရင်ခုန်စေတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာလည်း ရေးထားပါသေးတယ်။

အကြောင်းကတော့ မကြာခင် ပြုလုပ်မယ့် Brand's Concert ပွဲတွက် စတိတ်စင်ကို တာဝန်ယူပြီး ပြင်ဆင်နေရလို့ပါ။ သူ့ရဲ့ စိတ်ကူးနဲ့ အားထုတ်မှုအပေါ်လည်း ပီတိဖြာရတယ်လို့ ဘန်နီဖြိုးက ဆိုပါတယ်။ အဲ့ဒီပွဲမှာ Little Z နဲ့အတူ It's Over ဆိုတဲ့ သီချင်းကို သီဆိုသွားမယ်လို့လည်း ပြောပါတယ်။

play

 

Brand's Concert ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကန်တော်ကြီးထဲက မျှော်စင်ကျွန်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ စိုးကြီး၊ ကီကီကျော်ဇော၊ ဘန်နီဖြိုး၊ Little Z၊ G Fatt ၊ နီနီခင်ဇော်၊ ငယ်ငယ် နဲ့ မိစန္ဒီတို့ ပါဝင်ဖျော်မယ်လို့ သိရပါတယ်။

Source & Photo : ဘန်နီဖြိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ