Entertainment: မိန်းမလျာ အလှမယ် မျိုးကိုကိုစန်း ရုပ်ရှင်ရိုက်တော့မည်

ရုပ်ရှင်ရိုက်မယ့်အကြောင်းနဲ့ ပတ်သက်ပြီး အင်တာပေါ်က လူအချို့ရဲ့ မှတ်ချက်တွေကြောင့် လန့်ပြီး စိတ်ဓာတ်ကျနေပေမဲ့ ခုလို အပြောခံရတာ ပထမဆုံးအကြိမ် မဟုတ်လို့ ထုံနေပါပြီလို့ မျိုးကိုကိုစန်းက ရေးသားထားပါတယ်။

play

 

မြန်မာနိုင်ငံက မိန်းမလျာတွေထဲမှာတော့ အလှဆုံးစာရင်းဝင်ပြီး လူသိများတဲ့ မျိုးကိုကိုစန်းဟာ မကြာမီ ရုပ်ရှင်ကားကြီး ရိုက်တော့မယ်လို့ သိရပါတယ်။

play

 

Miss International Queen Myanmar 2014 ဆုရှင်လည်း ဖြစ်တဲ့ သူ့ကို အင်တာနက်မှာတော့ သိတဲ့လူ များပါတယ်။ ၂၀၁၆ ခုနှစ်၊ မတ်လမှာတော့ မျိုးကိုကိုစန်းက ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်မယ့် ရုပ်ရှင်ကားတစ်ကား ရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေကိုလည်း ရွေးပြီးပြီလို့ သိရပါတယ်။

play

 

အဲ့ဒီဇာတ်ကားထဲမှာလည်း မျိုးကိုကိုစန်းက မိန်းမလျာအနေနဲ့ပဲ သရုပ်ဆောင်သွားမှာပါ။ ဇာတ်ကားအတွက် သူ့ဘက်က ပြင်ဆင်မှုတွေလည်း ပြုလုပ်နေပြီလို့ ဆိုပါတယ်။

 

Source : www.blog.irrawaddy.com

Photo : မျိုးကိုကိုစန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ