Entertainment: ပွင့်လင်း မြင်သာ ရင်ခုန်ပါ

ဇာတ်ကားနာမည်က ပွင့်လင်းမြင်သာ ရင်ခုန်ပါလို့ အမည်ရပြီး လူငယ်အချစ်ဇာတ်ကား ဖြစ်ပါတယ်။

play

 

အားလပ်ရက်မှာ ဇာတ်လမ်း ကြည့်ပြီး အနားယူအပန်းဖြေဖို့အတွက် မြန်မာဗီဒီယို ဇာတ်ကားသစ် တစ်ကားအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

ဆီဇာတိုး၊ မြဖုန်းလူ နဲ့ မိုး ဆိုတဲ့ ဇာတ်ကောင် သုံးယောက်ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းတစ်ပုဒ်ပါ။ ဆီဇာတိုးဟာ ပြည်ပက ပညာသင်ပြီး မိဘပိုင်တဲ့ ကုမ္ပဏီမှာ အလုပ်ဝင်နေတဲ့သူပါ။ ဆီဇာတိုးနဲ့ လူကြီးချင်း သဘောတူထားတဲ့ မိုး ဆိုတဲ့ ကောင်မလေး ရှိပေမယ့် သူကတော့ မိုးကို ညီမလေးလိုပဲ ချစ်ပါတယ်။ မိုးကတော့ ဆီဇာတိုးကို တစ်ဖက်သတ် စိတ်ဝင်စားနေခဲ့ပါတယ်။

မြဖုန်းလူဆိုတဲ့ ကောင်မလေးဟာ ငယ်စဉ်က ဆင်းရဲခဲ့လို့ ဘဝကို ကြိုးစားရုန်းကန်ရင်း ကုမ္ပဏီတစ်ခုမှာ ရာထူးနေရာတစ်ခု ရလာခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ခံယူချက်က ငွေပါပဲ။ ငွေမရှိရင် မျက်နှာငယ်ရတယ်လို့ ယုံကြည်ထားပါတယ်။ ပြီးတော့ ယောက်ျားတွေကို လွယ်လွယ်နဲ့ မယုံတတ်သူပါ။

တစ်ရက်မှာ မြဖုန်းလူကို ဆီဇာတိုးက ကူညီပေးခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ဆီဇာတိုးက သူမကို စိတ်ဝင်စားခဲ့ပါတယ်။

ဆီဇာတိုးအဖြစ် နေတိုး၊ မြဖုန်းလူအဖြစ် ရွှေမှုန်ရတီနဲ့ မိုးအဖြစ် ရွှေပိုးအိမ်တို့က သရုပ်ဆောင်ထားပြီး ဆုမြတ်မွန်မွန်ရဲ့ ၀တ္တုကို ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးထားတာပါ။

Source : www.7daydaily.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ