Entertainment: အောင်ထက်ရဲ့ ပြိုင်ပွဲဝင် သီချင်းများ

အောင်ထက် ပရိသတ်တွေအတွက် သတင်းကောင်းပါ။

play

 

အိပ်မက်ဆုံရာ (ရာသက်ပန်) သီချင်းဆိုပြိုင်ပွဲရဲ့ ဆုရှင် အောင်ထက်ရဲ့ ပြိုင်ပွဲဝင်သီချင်းခွေကို ဒီဇင်ဘာ ၁၂ ရက်မှာ စတင်ဖြန့်ချိတော့မယ်လို့ သိရပါတယ်။

အောင်ထက်ရဲ့ (ပြိုင်ပွဲဝင်သီချင်းများ) Music Documentry ခွေထဲမှာတော့ ပြိုင်ပွဲတလျှောက် သီဆိုခဲ့တဲ့ သီချင်းတွေကို ဗားရှင်းအသစ်နဲ့ ပြန်လည်သီဆိုထားတာပါ။ သီချင်းပုဒ်ရေ ၂၀ လောက် ဖြစ်သွားတဲ့အတွက် သီချင်းခွေက DVD သုံးချပ် ဖြစ်သွားရတဲ့အကြောင်းကို အောင်ထက်က ရှင်းပြပါတယ်။ 

play

 

စတင်ဖြန့်ချိတဲ့နေ့ ညနေ ၄ နာရီမှာ ရန်ကုန်က Myanmar Event Park မှာ အောင်ထက်က အမှတ်တရ လက်မှတ် ရေးထိုးပေးသွားမယ်လို့လည်း သိရပါတယ်။

၂၀၁၆ နှစ်လယ်ပိုင်းမှာ တစ်ကိုယ်တော်ခွေ ထွက်နိုင်ဖို့ စီစဉ်နေပြီး သီချင်းအမျိုးအစားအစုံ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။ တစ်ကိုယ်တော်ခွေထဲမှာတော့ သီချင်း ၁၁ ပုဒ် ပါဝင်မှာပါ။

 

Source : www.mrtv4.tv

Photo : We Love Aung Htet Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ