Entertainment: နှင်းဆီအဖွဲ့သားများ ဘန်ကောက်တွင် ဖျော်ဖြေမည်

နှင်းဆီအဖွဲ့သားတွေဟာ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကပြမယ့် ပွဲအတွက် ဒီနေ့ကတည်းက ဘန်ကောက်မှာ ရောက်နေကြပါပြီ။

play

 

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးတဲ့ နှင်းဆီအငြိမ့်အဖွဲ့ဟာ ဘန်ကောက်မှာ ရံပုံငွေပွဲ ဖျော်ဖြေဖို့ ဒီနေ့ ထွက်ခွာ သွားကြပါတယ်။

အငြိမ့်ပွဲကို ဒီဇင်ဘာ ၁၃ ရက် ည၊ စမူပရန်ကန်ခရိုင်က ဘန်ချလုံဘုန်းကြီးကျောင်းဝင်းထဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ပွဲကိုတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက စီစဉ်တာဖြစ်ပြီး ရေဘေးသင့်ပြည်သူတွေအတွက် ပြုလုပ်တဲ့ ရံပုံငွေပွဲ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဘန်ကောက်မှာ ကပြမယ့် နှင်းဆီအဖွဲ့သားတွေကတော့ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုနဲ့ မင်းသမီးတွေကတော့ မိုးယုစံနဲ့ မိုးပြည့်ပြည့်မောင်တို့က ဖျော်ဖြေသွားမှာပါ။

 

Source & Photo : မိုးယုစံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ