Entertainment: လူငယ်တွေအတွက် အေးမြတ်သူရဲ့ အကြံပေးစကား

အထက်တန်း အောင်ပြီးချိန်က စလို့ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့တဲ့အတွက် ခုချိန်မှာ အေးမြတ်သူဟာ အနုပညာလမ်းမထက်က ကျော်ကြားတဲ့ ကြယ်တစ်ပွင့်အဖြစ် တောက်ပနေပါတော့တယ်။

play

 

အေးမြတ်သူအတွက်တော့ လူငယ်ဘဝ ဆိုတာ သိပ်မရှိခဲ့ပါဘူး။ ၁၀ တန်း အောင်ပြီးချိန်ကစလို့ လက်ရှိလုပ်နေတဲ့ အနုပညာ လုပ်ငန်းခွင်ကို ဝင်ရောက်ဖို့အတွက် သူမက ကြိုးစားခဲ့တာပါ။ လူငယ်တစ်ယောက်ရဲ့ အပျော်ရွှင်ဆုံးအချိန်ဖြစ်တဲ့ အသက် ၁၈ နှစ်မှာ အေးမြတ်သူကတော့ အနုပညာအလုပ်တွေ လုပ်နေခဲ့ပါပြီ။

play

 

၁၈ နှစ်က ပျော်စရာအကောင်းဆုံးအချိန်ဆိုပေမယ့် နောက် ၅ နှစ်မှာ ဘာဖြစ်မလဲဆိုတာကို မသိနိုင်လို့ အဲ့ဒီအတွက်လည်း ကြိုတင် ပြင်ဆင်သင့်ကြောင်း သူမက လူငယ်တွေကို အကြံပေးပါတယ်။

" တကယ်လို့ ၁၈ ၊ ၁၉ နှစ် အရွယ်မှာတည်းက မပြင်ဆင်ထားဘူးဆိုရင် ၂၃၊ ၂၄ အရွယ်မှာ ရေရေရာရာမရှိဘဲ ဝေဝါးနေလိမ့်မယ်။ ဒီတော့ ၁၈ နှစ်မှာ ပျော်တာလည်းပျော်ပါ။ တစ်ဖက်ကတော့ ကိုယ်ဘာဖြစ်ချင်လဲ၊ ဘာလုပ်ရမလဲဆိုတဲ့ ဘဝရဲ့ ရည်မှန်းချက်အတွက် foundation (အခြေခံအုတ်မြစ်)ချဖို့ အစ်မက အကြံပေးချင်ပါတယ် " လို့ Duwun က တစ်ဆင့် လူငယ်တွေကို အမှာစကား ပြောကြားပါတယ်။

play

အေးမြတ်သူရဲ့ လူငယ်ဘဝ အပျော်ဆုံးအချိန်တွေကတော့ အလယ်တန်းကျောင်းသူဘဝပဲ ဖြစ်ပါတယ်။ မိဘတွေမသိအောင် သူငယ်ချင်းတွေနဲ့ လျှောက်သွားတာမျိုး၊ ကျောင်းပြေးတာမျိုးတွေကသာ သူမဘဝရဲ့ လူငယ်ဆန်တဲ့အချိန်တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ