Entertainment: စင်္ကာပူနိုင်ငံကို အလည်ရောက်နေတဲ့ ဂျက်စတင်ဘီဘာ

လူပေါင်း (၃၀၀) ကျော်နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တယ်ဆိုရင် သင်ယုံပါသလား။

play

 

ဒီဇင်ဘာ (၁၁) ရက်နေ့က စင်္ကာပူနိုင်ငံရဲ့ Orchardလမ်းပေါ်မှာ ဂျက်စတင်ဘီဘာရောက်နေခဲ့ပြီး လူပေါင်း (၃၀၀) ကျော်နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တယ်ဆိုရင် သင်ယုံပါသလား။ ဂျက်စတင်ဘီဘာရဲ့ ဖယောင်းရုပ်တုဟာ ION Orchid Mall မှာ ရှိနေနေခဲ့ပြီး ဓာတ်ပုံတွဲရိုက်ဖို့ တန်းစီသူတွေနဲ့ ပြည့်နေခဲ့ပါတယ်။

play

 

စင်္ကာပူနိုင်မှာရှိတဲ့ မဒမ်တူဆော့ဒ်ပြတိုက်ကနေ နောက်ဆုံး ယူဆောင်ပြသလာခဲ့တဲ့ အဆိုပါ ရုပ်တုဟာ ဂျက်စတင်ဘီဘာရဲ့ အခွေသစ် “Purpose” ထွက်ရှိနေတဲ့ အချိန်နဲ့အပြင် သူရဲ့သီချင်းတွေဖြစ်တဲ့ ‘Sorry’ နှင့် ‘What Do You Mean’ အောင်မြင်နေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်သွားပါတယ်။

play

 

အဆိုပါ ဖယောင်းရုပ်တုကို Sentosa ကျွန်းက မဒမ်တူဆော့ဒ်ပြတိုက်မှာ အချိန်ကာလတစ်ခုအထိထားရှိပေးသွားမှာဖြစ်ပြီး ဘယ်လောက်ကြာကြာထားရှိသွားမယ်ဆိုတာကိုတော့ ပြတိုက်တာဝန်ရှိသူတွေက မပြောထားပါဘူး။

Source & Photo: www.channelasia.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ