Entertainment: ၂၀၁၅ ခုနှစ် ဗြိတိန်ဂီတဆုပေးပွဲမှာ ထူးချွန်ဆု (၂) ဆု ဆွတ်ခူးခဲ့တဲ့ အဒဲလ်

ဆုရရှိတဲ့သူအများစုအနေနဲ့လည်း ပွဲကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။

play

 

၂၀၁၅ ခုနှစ် ဗြိတိန်ဂီတဆုပေးပွဲမှာ ဗြိတိန်ရဲ့ တစ်နှစ်တာ အဆိုတော်ဆုအပြင် တစ်နှစ်တာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုဆုကို အဒဲလ်ကဆွတ်ခူးခဲ့ပါတယ်။

play

 

ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ အဆိုပါ ဆုပေးပွဲကို One Direction အဖွဲ့က သီချင်းအသစ်ဖြစ်တဲ့ ‘Drag Me Down’ နဲ့ စတင်ဖျော်ဖြေပေးခဲ့ပါတယ်။ အစီအစဉ်ရဲ့ ပထမဆုံးဆုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ တစ်နှစ်တာ အဆိုတော်ဆုကို တေလာဆွဖ်ကရရှိသွားခဲ့သလို တစ်နှစ်တာအကောင်းဆုံး သီချင်းဆုကို ဟိုဇေးရာရဲ့ ‘Take Me To Church’ က ရရှိခဲ့ပါတယ်။

play

 

နာမည်ကြီး အဆိုတော် ရောဒ့်စတူးဝဒ်ကလည်း သူရဲ့ သီချင်းအသစ် ‘Please’ နဲ့ ဖျော်ဖြေပေးခဲ့ပြီး သူသီချင်းဆိုနိုင်သေးတယ်ဆိုတာကို ပြခဲ့ပါသေးတယ်။ အစီအစဉ်တင်ဆက်တဲ့သူတွေအနေနဲ့ လိုအပ်ချက်တွေရှိခဲ့တယ်လို့ ဝေဖန်ခံရသလို ၊ ဆုရရှိတဲ့သူအများစုအနေနဲ့လည်း ပွဲကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။

Source & Photo: www.telegraph.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ